• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှားဝန်ကြီးချုပ်များ ၂၃ ကြိမ် မြောက်တွေ့ဆုံဆွေးနွေးပွဲ လီခေ့ချန်နှင့် ရုရှား ဝန်ကြီးချုပ်တို့မှ ကြီးမှူးကျင်းပ

(GMT+08:00) 2018-11-08 15:09:49

     တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၇ ရက်နေ့ နံနက်ပိုင်း က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ရုရှားနိုင်ငံ ဝန်ကြီးချုပ်  မယ်ဒ်ဗယ်ဒက်ဗ်နှင့်အတူ တရုတ်-ရုရှားဝန်ကြီးချုပ် ၂၃ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အတူကြီးမှူးကျင်းပခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ်၊ တရုတ်-ရုရှားရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကော်မတီ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကော်မတီ တရုတ်ဘက် ဥက္ကဋ္ဌ ဟန်ကျိန့်သည်၊ ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းဆွေးနွေးပွဲ၌ လိခေ့ချန်က တရုတ်၊ ရုရှားတို့သည်၊ အကြီးဆုံးအိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး၊ တစ်နိုင်ငံက တစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး အခွင့်အလမ်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍၊ လီခေ့ချန်က တရုတ်ပြည်အနေနှင့်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံမူများနှင့် စိတ်ဓာတ်များထိန်းသိမ်းကာကွယ်ရန် ရုရှားနှင့်အတူ အားထုတ်ကြိုးပမ်း သွားလိုကြောင်း ပြောကြားခဲ့သည်။

မယ်ဒ်ဗယ်ဒက်ဗ်ကလည်း၊ ရုရှား၊ တရုတ်တို့သည်၊ လွန်စွာ အပြန်အလှန်ယုံကြည်ပြီး၊ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှု အဆက်မပြတ်နက်ရှိုင်း လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio