• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်အောင်ဆန်းစုကြည်က စွန်ထောနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-08 14:52:28

မြန်မာနိုင်ငံ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး စွန်ထောနှင့် နိုဝင်ဘာလ ၆ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

စွန်ထောက တရုတ်၊မြန်မာတို့သည် အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာ အလေးထား ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းသင်းဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း စွန်ထောက ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် မြန်မာ-တရုတ် ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တရုတ်နိုင်ငံမှ တင်ပေးသော အကူအညီများကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ လုပ်ငန်းစဉ်ကြီးများ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလျင်မြန်စွာ တွန်းအားပေးပြီး အာဏာရပါတီများအကြား ကူးလူးဖလှယ်ရေးကို တိုးမြှင့်ကာ နှစ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

   Webradio