• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဌမ အကြိမ် တရုတ်-အာရပ်နိုင်ငံများ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် ပူးတွဲ ပြန်တမ်း ချုပ်ဆို

(GMT+08:00) 2018-11-08 11:59:47

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပသော ဆဌမ အကြိမ် တရုတ်-အာရပ်နိုင်ငံများ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် ပူးတွဲ ပြန်တမ်း ချုပ်ဆိုပြီး ယခုလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင်၊ တရုတ်နှင့် အာရပ်နိုင်ငံများသည် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ်ဓါတ်အားနှင့် လျှပ်စစ်ဓါတ်အား ကွန်ရက် ဆက်သွယ်ရေး၊ အစဉ်တစိုက် အသုံးပြုနိုင်သော စွမ်းအင်၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု စသဖြင့်နှင့် ပတ်သက်ပြီး သဘောတူညီမှု များစွာ ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော် စွမ်းအင်ရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် လျူပေါင်ဟွာနှင့် အီဂျစ် လျှပ်စစ်ဓါတ်အားနှင့် အစဉ်တစိုက် အသုံးပြုနိုင်သော စွမ်းအင်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးလက်ထောက်(၁) မိုဟန်မက် မော်စာ အော်မ်ရန် တို့သည် အထက်ပါ ပူးတွဲ ပြန်တမ်းကို ပူးတွဲ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio