• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-11-08 09:52:06

ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို ယခုလ ၇ ရက်နေ့က တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဝူကျင့်မြို့၌ ဖွင့်လှစ်ခဲ့ရာ ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၇၆ ခုမှ ဧည့်သည်တော် ၁၅၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်နေကြောင်း၊ ယခု အကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "အပြန်အလှန် ယုံကြည်ပြီး အတူ စီမံခန့်ခွဲသော ဒစ်ဂျစ်တယ် ကမ္ဘာကြီးကို ဖန်တီးပြီး အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ခြင်း" ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့ ပညာမူပိုင်ခွင့်အဖွဲ့ ဒါရိုက်တာချုပ် ကပ်ရီသည် ဒစ်ဂျစ်တယ် စီးပွါးရေးနှင့် နိုင်ငံတကာ အင်တာနက် စီမံခန့်ခွဲရေး စည်းစနစ် တရားမျှတစွာနှင့် တရားနည်းလမ်းကျစွာ တိုးတက်လာအောင် တွန်းအားပေးရေးဆိုင်ရာ အဓိပ္ပါယ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

   Webradio