• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အောက်တိုဘာလတွင် တရုတ်ပြည် အရန် နိုင်ငံခြားငွေ ပမာဏ အနည်းငယ် ကျဆင်းသော်လည်း နောင်မှာ ဆက်လက် တည်ငြိမ်သွားမည်ဟု ကျွမ်းကျင်သူများ ဆို

(GMT+08:00) 2018-11-08 09:31:38

တရုတ်ပြည်သူ့ဘဏ်မှ ယခုလ ၇ ရက်နေ့ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ၊ တရုတ် အရန် နိုင်ငံခြားငွေ ပမာဏမှာ အနည်းငယ် ကျဆင်းလာခဲ့ပါသည်။ ကျွမ်းကျင် ပညာရှင်များက၊ သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးမူဝါဒ၊ နိုင်ငံတကာ ကုန်သွယ်ရေး အခြေအနေ စသည့် အကြောင်းရပ်များ၏ ဂယက်ရိုက်ခတ်မှုကြောင့် တရုတ် အရန် နိုင်ငံခြားငွေ ပမာဏ ကျဆင်းလာခြင်း ဖြစ်ပြီး နောင်တွင် ဆက်လက် တည်ငြိမ်သွားမည်ဟု သုံးသပ်ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio