• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လူ့အခွင့်အရေးအောင်ကျိုးရလဒ်အပေါ် နိုင်ငံတကာမိသားစုကြီး တန်ဖိုးထားချီးကျူး

(GMT+08:00) 2018-11-07 14:28:05

     တရုတ်ပြည်သည်၊ ယခုလ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တတိယအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေးအစည်းအဝေးတွင် ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ ဒု ဝန်ကြီး လို့ယွိချိန်က အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး၊ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

စိစစ်ရေးအစည်းအဝေးတွင်၊ ရုရှား၊ တောင်အာဖရိက၊ ပါကစ္စတန်၊ ကျူးဘားနှင့် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံ ၁၂၀ ကျော်မှ ကိုယ်စားလှယ်များသည်၊ ရှေ့ဆင့် နောက်ဆက်မိန့်ခွန်းပြောကြားပြီး၊ လူ့အခွင့်အရေးအားသစ်လောင်းပေးရေးနှင့် ထိန်းသိမ်း ကာကွယ်ရေးတွင် တရုတ်ပြည်မှ ရရှိခဲ့သည့် ကြီးမားသော အောင်ကျိုးရလဒ်များအပေါ် တန်ဖိုးထား ချီးကျူးကြောင်း ဖော်ပြကြသည်ဟု သတင်းအရသိရသည်။

 

   Webradio