• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-11-07 13:05:47

ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို ယခုလ ၇ ရက်နေ့က ကျဲ့ကျန်းပြည်နယ် ဝူကျင့်မြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "အပြန်အလှန် ယုံကြည်ပြီး အပြန်အလှန် စီမံခန့်ခွဲသော ဒစ်ဂျစ်တယ် ကမ္ဘာကြီးကို တည်ထောင်၍၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ခြင်း" ဖြစ်ကြောင်း၊ အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုးဆောင်ကျဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ဖေါ်ပြထားပါသည်။

   Webradio