• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ ကြိမ်မြောက် တရုတ် နိုင်ငံတကာ လေကြောင်းနှင့် အာကာသ ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00) 2018-11-07 09:43:17

၁၂ ကြိမ်မြောက် တရုတ် နိုင်ငံတကာ လေကြောင်းနှင့် အာကာသ ကုန်စည်ပြပွဲကို ယခုလ ၆ ရက်နေ့က တရုတ်ပြည် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ လုပ်ငန်းကုမ္ပဏီ ၇၀၀ ကျော်တို့သည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသနေကြောင်း သတင်းရရှိပါသည်။

တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်ပြည် လေကြောင်း၊ အာကာသလုပ်ငန်းနှင့် နိုင်ငံတော် ကာကွယ်ရေး သိပံ္ပနည်းပညာ နယ်ပယ်များတွင် ရရှိသော တိုးတက်အောင်မြင်မှုများကို ပြသရန်အတွက်၊ တရုတ်ပြည် အဓိက စစ်ဘက် စက်မှုလုပ်ငန်းကုမ္ပဏီများသည် ကုန်စည်ပြပွဲတွင် ပါဝင်ပြီး၊ ကြည်းတပ် လေတပ် ရေတပ် အာကာသလုပ်ငန်း စသည့် နယ်ပယ်များမှ အောင်ကျိုးရလဒ်များကို ခင်းကျင်းပြသနေကြောင်း သတင်းရရှိပါသည်။

   Webradio