• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ဦးစားပေး အခွန်စနစ်ကို မလေးရှားနိုင်ငံတွင် စတင်အသုံးပြု

(GMT+08:00) 2018-11-06 14:55:44

ယခုကျင်းပနေသော ပထမအကြိမ်တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲမှ သတင်းအရ တရုတ်-အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ဦးစားပေး အခွန်စနစ်ကို မလေးရှားနိုင်ငံတကာကုန်သွယ်မှုတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတကာကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှု ဒုကိုယ်စားလှယ်ဝမ်လျှောက်ဝင်က တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ဦးစားပေး အခွန်စနစ်သည် တရုတ်-မလေးရှား ကုန်သွယ်မှုတိုးတက်ခြင်းအတွက် အကျိုးပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာ့စီးပွားရေးတိုးတက်ခြင်းနှင့် ကုန်သွယ်မှု ရှင်သန်ခြင်းအတွက် တွန်းအားပေးလိုကြောင်း၊  လွတ်လပ်သောကုန်သွယ်ရေးနှင့် တရုတ်နိုင်ငံတံခါးဖွင့်ရေးမှ အကျိုးများကို လုပ်ငန်းကုမ္ပဏီအသီးသီးနှင့် ပြည်သူလူထုများအတူတူ မျှဝေခံစားစေလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio