• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ လစ်သွေးနီးယားနိုင်ငံ သမ္မတ နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-06 10:52:24

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့တွင် လစ်သွေးနီးယားနိုင်ငံ သမ္မတ ဒါလီယာ ဂရီဗောက်စ်ကိတ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က လစ်သွေးနီးယားနိုင်ငံသည်၊ ဘော်တစ်ပင်လယ် ဒေသတွင် အရေးကြီးသော နိုင်ငံဖြစ်ပြီး၊ အရှေ့အလယ်ဥရောပဒေသမှ တရုတ်ပြည်၏ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်လည်းဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ တရုတ်- လစ်သွေးနီးယားဆက်ဆံမှုကို အလွန်အလေးထားကြောင်း ပြောကြာခဲ့သည်။

ဂရီဗောက်စ်ကိတ်ကလည်း၊ လစ်သွေးနီးယားအနေနှင့်၊ တရုတ်ပြည်ရရှိခဲ့သည့် တိုးတက်မှုအပေါ် အားကျမြတ်နိုးကြောင်း၊ တရုတ်ပြည်၌ ကျင်းပနေသည့် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို တန်ဖိုးထားချီးကျူးကြောင်း ဖော်ပြခဲ့သည်ဟု သတင်း အရသိရသည်။

   Webradio