• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုရီးယားနှင့် အမေရိကန် ကမ်းတက်ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ စတင်ကျင်းပ

(GMT+08:00) 2018-11-06 09:59:57

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နိုဝင်ဘာလ ၅ရက်နေ့က ကမ်းတက် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို စတင်ကျင်းပကြောင်း တောင်ကိုရီးယား နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် အတည်ပြုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ်စစ်ရေးလေ့ကျင့်ပွဲသည် တောင်ကိုရီးယားနိုင်ငံ ကျုံစိုင်ဘူဒို ဖိုဟောင် ဒေသ၌ ၂ပတ်ကြာကျင်းပမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အိုကီနာဝါရှိ အမေရိကန် စစ်ရေး အခြေစိုက်စခန်းမှ အမေရိကန် ကမ်းတက်ရေတပ် စစ်မှုထမ်းများ အပါအဝင် တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံမှ စုစုပေါင်း လူ ၅၀၀ခန့် ပါဝင်ကြကြောင်း၊ တောင်ကိုရီးယား စစ်ဖက်မှ သတင်းကိုကိုးကား၍ တောင်ကိုရီးယားမီဒီယာက ရေးသား ဖော်ပြပါသည်။

   Webradio