• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် လာအိုဝန်ကြီးချုပ် ထွန်းလွင်နှင့်တွေ့ဆုံ

(GMT+08:00) 2018-11-05 15:05:30

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့က ရှန်ဟိုင်းမြို့တွင် လာအို ဝန်ကြီးချုပ်ထွန်းလွင်နှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထွန်းလွင်သည် တရုတ်နိုင်ငံတွင်ကျင်းပသော ပထမ အကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသို့တက်ရောက်ခြင်းကို ကြိုဆိုပါ ကြောင်း၊ လက်ရှိသောတရုတ်-လာအိုဆက်ဆံရေးသည် အကောင်းဆုံးကာလတွင် တည်ရှိနေကြောင်း၊ မိမိသည် အတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ဥက္ကဋ္ဌဘုန်ယမ်နှင့် နှစ်ဝက်အတွင်းအပြန်အလှန်ခရီးလှည့်လည်ခဲ့ရာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေးနက်ရှိုင်းစေရန်နှင့်တရုတ်-လာအိုမဟာဗျူဟာမြောက်ကံကြမ္မာအသိုက်အ ဝန်းတည်ထောင်ရန် အရေးကြီးသော သဘောတူညီမှုရရှိခဲ့ကြောင်း၊ နှစ်ဘက်ဆက်ဆံရေး တိုးတက်မှုအလားအလာအတွက် ဦးတည်ချက်ဖော်ညွှန်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထွန်းလွင်က ပထမ အကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသို့ တက်ရောက် ခြင်းအတွက် ဝမ်မြောက်ကြောင်း၊ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန် သည် ယမန်နှစ် နိုဝင်ဘာလတွင် လာအိုနိုင်ငံတွင် အောင်မြင်စွာခရီးလှည့်လည်ခဲ့ခြင်းသည် လာအို-တရုတ်နှစ်ပါတီ၊နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုတွန်အားပေးရန် အရေးကြီးသော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

   Webradio