|
||||||||
|
|||||||||||||
ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ လာမည့် ၁၅ နှစ်အတွင်း တရုတ်နိုင်ငံ တင်သွင်းမည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃ သောင်းနှင့် ဘီလီယံ ၁ သောင်း အသီးသီး ရှိမည်ဟု ခန့်မှန်းရကြောင်း၊ သွင်းကုန် တွန်းအားပေးရေး၊ ဈေးကွက် ဝင်ခွင့် ဆိုင်ရာ စနစ်များ ပိုမို ချောင်လည်အောင် ထားရှိရေး၊ ကမ္ဘာ့ ရှေ့ပြေး စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ဖန်တီးရေး၊ တံခါးဖွင့်ရေး တိုးချဲ့ရေး၊ ဘက်ပေါင်းစုံနှင့် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ တိုးတက်ရေး အပါအဝင် နယ်ပယ် ငါးခု၌ တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးကို အားဖြင့်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။
တရုတ်နိုင်ငံသည် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန်၊ တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှု စေ့စပ်ဆွေးနွေးပွဲကို တွန်းအား ပေးရန်နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို တွန်းအားပေးရန်အတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။
|