• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဆန်းသစ်တီထွင်မှုသည် ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့် ခွဲ၍မရ

(GMT+08:00) 2018-10-31 14:34:13

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မကြာခင် ရက်များက ကွမ်တုန်းပြည်နယ်တွင် လေ့လာစစ်ဆေးကြည့်ရှုရာ၌ ပုဂ္ဂလိကပိုင်ကုမ္ပဏီများသည် တရုတ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြီးမားသော အကျိုးပြုမှုများကို စွမ်းဆောင်ပြီး ရှေ့အလားအလာ လည်း များစွာရှိကြောင်း၊ တရုတ်ပြည်၏ ဆန်းသစ်တီထွင်မှု၊ တီထွင်ဖန်တီးမှုနှင့် လုပ်ငန်း တည်ထောင်ရေးသည် အလတ်စားနှင့် အသေးစား ကုမ္ပဏီများနှင့် ခွဲမရကြောင်း၊ ပါတီ ကော်မတီနှင့် အစိုးရ အဆင့်ဆင့်သည် မူဝါဒ၊ ငွေရင်းရရှိရေး၊ စီးပွားရေး လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေ စသည့် နယ်ပယ်များတွင် အလတ်စားနှင့် အသေးစား ကုမ္ပဏီ အပါအဝင် ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးပေးသင့်ကြောင်း၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများသည် လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်း နယ်ပယ် အပေါ် အာရုံစိုက်ပြီး ကိုယ်ပိုင် တီထွင်ဆန်းသစ် နိုင်စွမ်းကို တိုးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်မှုသစ်များ ရရှိနိုင်အောင် အားထုတ်ကြိုးပမ်းရန် မျှော်လင့်ကြောင်းလည်း အလေးထား ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း ပုဂ္ဂလိကပိုင်ကုမ္ပဏီများသည် နည်းပညာ အဆင့်တိုးမြှင့်ရေး၊ ထုတ်ကုန်ပစ္စည်းနှင့် စီးပွားရေး လုပ်ကိုင်မှု ပုံစံ ဆန်းသစ်တီထွင်ရေးဖြင့် လုပ်ငန်းနယ်ပယ်များနှင့် လူမှုရေးတွင် ပြုပြင်ပြောင်းမှုကို ဦးဆောင်ခဲ့ကြောင်း၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများမှ ပေးဆောင်သည့် အခွန်ငွေသည် တရုတ် အခွန်ဝင်ငွေ စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၅၀ကျော်ရှိပြီး ပုဂ္ဂလိကပိုင်ကုမ္ပဏီများ၏ ထုတ်လုပ်မှု ပမာဏသည် တရုတ် ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၆၀ကျော်ရှိကာ ဖန်တီးသည့် နည်းပညာ ဆန်းသစ်တီထွင်မှု ပမာဏ၊ မြို့ပြအလုပ်အကိုင်နေရာ ပမာဏသည် ရာခိုင်နှုန်း ၇၀ကျော်နှင့် ၈၀ကျော် အသီးသီး ရှိကြောင်း၊ ဥပမာပြောလျှင် ကွမ်ကျိုးမြို့တွင် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု လုပ်ကိုင်သော ကုမ္ပဏီများတွင် ရာခိုင်နှုန်း ၉၀ကျော်သည် ပုဂ္ဂလိကပိုင်ကုမ္ပဏီများ ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု မရှိလျှင် တရုတ် စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု ရှိမည် မဟုတ်ကြောင်း၊ အရည်အသွေး ကောင်းမွန်သော ပုဂ္ဂလိကပိုင်ကုမ္ပဏီ စနစ် မရှိလျှင် တရုတ် ခေတ်မီ လုပ်ငန်း စနစ် ရှိမည် မဟုတ်ကြောင်း၊ တရုတ် အစိုးရမှ အဆင့်မြင့် အရာရှိများက ပုဂ္ဂလိကပိုင်ကုမ္ပဏီများကို အားပေးထောက်ခံ ခြင်းသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကျားကန်ပေးရာကျသည်ဟု အကြိမ်ပေါင်း များစွာ ပြောကြားခဲ့ဖူးကြောင်း စီအာအိုင်က ဖော်ပြသည်။

လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ သိပ္ပံနည်းပညာနှင့် လုပ်ငန်း တော်လှန်ရေးကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံ အသီးသီးသည် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ရေးတွင် ဆန်းသစ်တီထွင်နိုင်စွမ်းကို ပိုမိုမှီခိုအားထားလာရကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် စိးပွားရေး အုပ်စု တစ်ခု၏ ဆန်းသစ်တီထွင်နိုင်စွမ်း မြင့်မားလေလေ၊ ၄င်း၏ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေး ကောင်းမွန်လေလေ ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှုသည် တရုတ် စီးပွားရေး အရည်အသွေး ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တွန်းအား ပေးမှု ဖြစ်လာကြောင်း၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီသည် မူဝါဒ ချမှတ်ရေး လျင်မြန်ခြင်း၊ ဈေးကွက် အပေါ် တုံ့ပြန်မှု ထက်မြက်ခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်ရေး စနစ် ပျော့ပြောင်းမှု ရှိခြင်း စသည့် အားသာချက်များ ရှိသောကြောင့် တရုတ် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် အဆင့်တိုးမြှင့်ခြင်း တွန်းအားပေးရေး အတွက် အရေးကြီး အင်အား ဖြစ်ကြောင်း  စီအာအိုင်က ဖော်ပြသည်။

ပုဂ္ဂလိကပိုင်ကုမ္ပဏီနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပြောကြားချက်သည် တရုတ် ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အပေါ် နိုင်ငံရေး အရ ယုံကြည်မှုနှင့်  မူဝါဒ ဆိုင်ရာ အားပေး ထောက်ခံမှု ဖြစ်သည့် အပြင်၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်တိုက် ဆန်းသစ် တီထွင်မှု အတွက် တွန်းအားပေးမှုသစ်လည်း ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio