• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီးသည် ခန့်မှန်းသည်ထက် ပိုမိုကောင်းမွန်သည့် အနာဂတ်ရေးရှိ

(GMT+08:00) 2018-10-30 16:59:45

တည်ဆောက်ဆဲ ဖြစ်နေသော ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီးသည် ဟောင်ကောင်၊ မကာအို၊ ကွမ်ကျိုးနှင့် ရှင်ကျင့် အပါအဝင် ၁၁မြို့ကို ဆက်စပ်ပေးပြီး ဒေသကြီးတွင် ကွမ်တုန်းပြည်နယ်မှ သိပ္ပံနည်းပညာ အများအပြား လိုအပ်သည့် ကုမ္ပဏီများနှင့် ပြည့်စုံသည့် ကုန်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော လုပ်ငန်းများ ရှိခြင်း၊ ဟောင်ကောင်မှ ထွန်းကားသော ငွေကြေး၊ တရားဥပဒေ၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး စသည့် ခေတ်မီ ဝန်ဆောင်မှု ရှိခြင်း၊ မကာအိုမှ ကမ္ဘာ့ ခရီးသွားနှင့် ဖျော်ဖြေရေး စင်တာ အဖြစ် ရှေ့အလားလာရှိခြင်း အပါအဝင် ဒေသ ၃ခုမှ  အားသာချက် များကို အပြည့်အဝ ဖော်ထုတ်ကာ ဟောင်ကောင်နှင့် မကာအို ဒေသ ၂ခုကို တရုတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုတွင် ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက် စေပြီး ဟောင်ကောင်နှင့် မကာအိုဖြင့် ပြည်မကြီး၏ တံခါးဖွင့်မှု အဆင့်ကို တိုးမြင့်စေကာ ခေတ်ကာလသစ်တွင် တရုတ်ပြည်၏ တံခါးဖွင့်မှု "စူပါလုပ်ငန်းအစီအစဉ်" အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုတွင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး၏ လူဦးရေမှာ ၆၈သန်းကျော် ရှိကြောင်း၊ ဒေသကြီး၏ ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၅၀၀ခန့် ရှိပြီး တောင်ကိုးရီးယားနှင့် ညီမျှကာ သြစတြေးလျကို ကျော်လွန်ကြောင်း၊ ယင်းသည် နယူးယောက်၊ ဆစ်ဖရန်စစ္စကိုနှင့် တိုကျိုပင်လယ်ကွေ့ ဒေသပြီှးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ထိပ်တန်း သိပ္ပံနည်းပညာ ဆန်းသစ် တီထွင်ရေးနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှု အခြေခံ စခန်း ဖြစ်လာမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးကို တရားဝင် ဖွင့်လှစ်ပြီး ဟောင်ကောင် -မကာအို ခရီးကြာချိန်မှာ မူလက ၃နာရီကျော် ရှိရာကနေ ယခု မိနစ်၃၀ပင် ကြာတော့မည် ဖြစ်ကြောင်း၊ ရှင်ကျင့်-ဟောင်ကောင်နှင့် ကွမ်ကျိုး-ဟောင်ကောင် အမြန်ဆုံး ခရီးကြာချိန်မှာ ၁၄မိနစ်နှင့် ၄၇မိနစ် အသီးသီး ရှိကြောင်း၊ တရုတ်ပြည်မကြီးမှ ခရီးသည်များသည် မော်တော်ယာဉ်ဖြင့် ဟောင်ကောင် ဒစ္စနီ ဖျော်ဖြေရေး ဥယျာဉ်သို့ ရောက်ရှိရန် ၁၀မိနစ်ခန့်မျှပဲ လိုကြောင်း၊ ယင်းသည် ဟောင်ကောင် ဒစ္စနီ ဖျော်ဖြေရေး ဥယျာဉ် အတွက် ဖွံ့ဖြိုးတိုးတက်မှုသစ်ကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ၄င်းဒေသကြီးတွင် တည်ဆောက်သူနှင့် နေထိုင်သူများသည် ပိုမိုများပြားသော အကျိုးစီးပွားများ ရရှိမည် ဖြစ်ကြောင်း၊ ဥပမာ ပြောလျှင် ပြည်မကြီး နေထိုင်မှု ပါမစ်ရှိသော ဟောင်ကောင်နှင့် မကာအို နေထိုင်သူများသည် ကွမ်တုန်းပြည်နယ်တွင် အလုပ်အကိုင် နေရာချထားရေး၊ လူမှုအာမခံရေးနှင့် ဆေးဝါးကုသရေး ဆိုင်ရာ အဆင်ပြေစေရေး အခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး တည်ဆောက်ရေးသည် ဟောင်ကောင်၊ မကာအိုနှင့် ပြည်မကြီး၏ တစ်ဆင့်တိုး ရောနှောပေါင်းစပ်ခြင်း အတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ တရုတ် ပြည်မကြီးတွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု တစ်ဆင့်တိုး ဆောင်ရွက်ခြင်းမှ ဆောင်ကြဉ်းလာသော ကြီးမားသည့် အခွင့်ကောင်းများကို ထပ်မံယူပြီး ကျူးကျန်းမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်သစ်သို့ တွန်းအားပေးမည် ဖြစ်ကြောင်း၊ ၄င်းဒေသသည် ဗဟုသုတ ဆန်းသစ် တီထွင်ရေး၊ အဆင့်မြင့် နည်းပညာသစ်၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှုနှင့် ကမ္ဘာ့စက်ရုံ အဆင့်တိုးမြင့်ရေး ရှိသည့် ကမ္ဘာ့ ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ စခန်း ဖြစ်လာမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio