• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပုဒ်မ ၃၀၁သည် တရုတ်ပြည် တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အပေါ် အမေရိကန်မှ တားဆီးရန် ကြံစည်မှုကို ပြဆို

(GMT+08:00) 2018-10-25 17:25:37

ဖွံ့ဖြိုးဆဲ နိုင်ငံ ၅၀ခန့်မှ ဖွဲ့စည်းတည်ထောင်ထားသော အစိုးရချင်း အဖွဲ့အစည်း ဖြစ်သည့် တောင်ပိုင်းစင်တာ(The South Center)မှ မကြာခင်က "အမေရိကန်၏ ပုဒ်မ ၃၀၁-ဘာကြောင့် တရားမဝင်နှင့် အထင်လွဲမှားစေတတ်သလဲ"ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းအစီရင်ခံစာကြောင့် နိုင်ငံတကာ မိသားစုကြီးသည် အငြင်းပွားသည့် ပုဒ်မ ၃၀၁ အပေါ် ထပ်မံ အာရုံစိုက်နေကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တောင်ပိုင်းစင်တာ(The South Center)ကို ၁၉၉၅ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံချင်း သွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ အကြား တန်းတူညီမျှရေး၊ တရားမျှတမှု ရှိသော အခြေခံပေါ်တွင် အပြန်အလှန် သိရှိနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် ရည်ရွယ်ထား ကြောင်း၊ တောင်ပိုင်းစင်တာသည် ပညာရပ်နယ်ပယ်တွင် သီးခြားလွတ်လပ်ပြီး နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး နယ်ပယ်များတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်၍ သတင်းအချက်အလက် ထုတ်ပြန်ခြင်း၊ မဟာဗျူဟာ အကဲဖြတ်ခြင်းနှင့် အကြံပြုခြင်း စသည်များကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ၄င်းအစီရင်ခံစာတွင် စာမျက်နှာ ၅၀ဖြင့် အပိုင်း၇ပိုင်းခွဲထားပြီး အမေရိကန်မှ ပုဒ်မ ၃၀၁၏ သမိုင်းကြောင်း၊ တရုတ်ပြည် အပေါ် စွဲဆိုချက်နှင့် အမေရိကန်မှ လုပ်ရပ်များ၏ တရားမဝင်မှုနှင့် အထင်လွဲမှားစေခြင်းကို ရှင်းလင်းဖော်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ပုဒ်မ ၃၀၁သည် အရင်ဆုံးက အမေရိကန် "၁၉၇၄ခုနှစ် ကုန်သွယ်ရေး ဥပဒေ"တွင် ပါဝင်ပြီး အမေရိကန် ပို့ကုန်ကုန်သည်များမှ နိုင်ငံခြား ဈေးကွက်များကို တိုးချဲ့ရန် အရေးကြီးသည့် တရားဥပဒေ လက်ကိုင်တုတ် တစ်ခု ဖြစ်ကြောင်း၊ ၁၉၈၀ပြည့်နှစ် အလယ်ပိုင်းနှင့် ၁၉၉၀ပြည့်နှစ် အစပိုင်းက နိုင်ငံတကာ ကုန်သွယ်မှုများတွင် ပုဒ်မ ၃၀၁သည် နာမည်ဆိုးဖြင့် ကျော်ကြားလာကြောင်း၊ အမေရိကန်သည် ပုဒ်မ ၃၀၁ဖြင့် အကြောင်းပြုပြီး ဂျပန်နှင့် ဥရောပ သမဂ္ဂ အပါအဝင် အဓိက ကုန်သွယ်ဖက်များ အပေါ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၁၉၉၅ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကို စတင် တည်ထောင်ပြီး မူလက ကုန်ပစ္စည်း ကုန်သွယ်မှု အတွက်ပင် အသုံးဝင်သည့် အခွန်နှင့် ကုန်သွယ်ရေး အထွေထွေ သဘောတူ စာချုပ်ကို အဆင့်တိုးမြှင့်ပြီး ဝန်ဆောင်မှု ကုန်သွယ်ရေး၊ အစိုးရ ဝယ်ယူရေး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေးနှင့် ပညာမူပိုင်ခွင့် စသည်များကို ထည့်သွင်းကာ ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေး စနစ်ကိုလည်း ချမှတ်ခဲ့ကြောင်း၊ အမေရိကန် ပီတာစွန် နိုင်ငံတကာ စီးပွားရေး သုတေသနဌာနမှ ကုန်သွယ်ရေး ပညာရှင် ချတ်ဘောင်းက  ဆောင်းပါး တစ်ပုဒ် ရေးသားရာတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ဖြေရှင်းရေး စနစ်သည် အလွန် ထိရောက်ပြီး အမေရိကန်မှ ပုဒ်မ ၃၀၁ဖြစ်သည့် တေလေဆန်သော ဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်မှုကို ကြိုတင်ကာကွယ်သည်ဟု ဖော်ပြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် အမေရိကန်မှ ပုဒ်မ ၃၀၁ စုံစမ်းစစ်ဆေးမှုတွင် တရုတ်ပြည် အပေါ် စွဲဆိုချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စံချိန်စံညွှန်းဖြင့် မဟုတ်ဘဲ အမေရိကန်၏ စံချိန်စံညွှန်းကို အသုံးပြုပြီး တရုတ်ပြည်ကို သုံးသပ်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင်၊ စွဲဆိုချက်ပါ အချက်အလက်များသည် အမေရိကန်နှင့် အခြား OECDနိုင်ငံများမှ ဆောင်ရွက်ခဲ့ဖူးသော လုပ်ရပ်များနှင့် ဆောင်ရွက်နေသော လုပ်ရပ်များပင် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

၎င်းအစီရင်ခံစာတွင် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်၌ တရုတ်ပြည် ရရှိခဲ့သော ကြီးမားသည့် တိုးတက်မှုများကို တင်ပြပြီး တရုတ်ပြည်၏ သုတေသန ဖော်ထုတ်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အဆက်မပြတ် တိုးပွားလာခြင်းကြောင့် နည်းပညာ ဆန်းသစ်တီထွင်မှုကို များစွာ တွန်းအားပေးကြောင်း၊ တရုတ်ပြည်၏ နည်းပညာ တိုးတက်မှု ရရှိသည့် အကြောင်းရင်းမှာ "ပညာမူပိုင်ခွင့် ခိုးယူခြင်းနှင့် အတုယူခြင်း"ကြောင့် ဟူသော အမေရိကန်မှ ပြောဆိုချက်သည် အဖြစ်မှန်နှင့် များစွာ ဖီလာဆန့်ကျင်ကြောင်း ရေးသားဖော်ပြသည်။

၎င်းအစီရင်ခံစာတွင် အမေရိကန်မှ တရုတ်ပြည် အပေါ် ပုဒ်မ ၃၀၁ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သည့် ရည်ရွယ်ချက်မှာ အမေရိကန်၏ ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု ပြဿနာကို ဖြေရှင်းရန် အတွက်သာမကဘဲ တရုတ်ပြည်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု အပေါ် စိုးရမ်ခြင်းကြောင့် တရုတ်ပြည် အပေါ် ထိန်းချုပ်ဟန့်တားရန်လည်း ဖြစ်ကြောင်း၊ အမေရိကန်မှ ပုဒ်မ ၃၀၁ စုံစမ်းစစ်ဆေးမှု ပြုလုပ်သည့် တကယ်တန်း အကြောင်းရင်းသည် ကုန်သွယ်မှုနှင့် မဆိုင်ဘဲ  တရုတ်ပြည်၏ တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အပေါ် အမေရိကန်မှ တားဆီးရန် ကြံစည်မှုကို ပြဆိုနေကြောင်း ရေးသားဖော်ပြသည်။

 

   Webradio