• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စစ်အေးအပြီး အတိုင်းအတာအကြီးမားဆုံး စစ်ရေးလေ့ကျင့်ပွဲ ကျင်းပမည်

(GMT+08:00) 2018-10-25 15:47:01

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ နေတိုးအဖွဲ့သည် နော်ဝေး နိုင်ငံ နှင့် အနီးတဝိုက်ဒေသ၌ စစ်အေးအပြီး အတိုင်းအတာအကြီးမားဆုံး စစ်ရေးလေ့ကျင့်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

နေတိုးအဖွဲ့ဝင် ၂၉နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ၂နိုင်ငံဖြစ်သည့် ဆွီဒင်၊ဖင်လန်မှ တပ်သား၅သောင်းတို့သည် ယခုအကြိမ်စစ်ရေးလေ့ကျင့်ပွဲတွင် ပါဝင်ကြမည်ဖြစ်ကြောင်း၊ စစ်အေးအပြီး ယခုအကြိမ်အတိုင်းအတာအကြီးမားဆုံး စစ်ရေးလေ့ကျင့်ပွဲသည် နေတိုးအဖွဲ့ အားကောင်းသော စစ်ရေးစွမ်းရည်၊ အတူတကွထိုးစစ်ဆင်ရေး စိတ်ပိုင်းဖြတ်ချက် နှင့် အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေး၏ ခံနိုင်စွမ်းကို ပြသမည်ဖြစ်ကြောင်း  နေတိုးအဖွဲ့မှ အတွင်းရေးမှူးချုပ် စတိုလ်တန်ဘက်ဂ် က ၂၄ရက်နေ့က နေတိုးအဖွဲ့ဌာနချုပ် တည်ရှိရာ ဘရပ်ဆဲတွင် ပြောကြားခဲ့ပါသည်။

   Webradio