• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌအဖြစ် ငုယင်ဖူထရွန် တာဝန်ထမ်းဆောင်

(GMT+08:00) 2018-10-24 12:59:46

ဗီယက်နမ် ၁၄ကြိမ်မြောက် နိုင်ငံတော် လွှတ်တော် ဆဌမအကြိမ် အစည်းအဝေးသည် အောက်တိုဘာလ ၂၃ရက်နေ့က ဟနွိုင်းမြို့တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်အား ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ ပြီးနောက် ငုယင်ဖူထရွန် သည် ကျန်းသစ္စာကျိန်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဗီယက်နမ် ၁၄ကြိမ်မြောက် နိုင်ငံတော် လွှတ်တော် ဆဌမအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂၂ရက်နေ့က စတင်ကျင်းပပြီး နိုဝင်ဘာလ ၂၁ရက်နေ့တွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio