• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျပန် စီးပွားရေး ဆက်ဆံမှု ခွဲ၍မရဟု ရှင်ဇိုအာဘေးဆို

(GMT+08:00) 2018-10-24 10:41:27

        တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုလ ၂၅ ရက်နေ့မှနေ ၂၇ ရက်နေ့အထိ တရုတ်ပြည်၌ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ရှင်ဇိုအာဘေး တရုတ်ပြည်သို့ မရောက်ခင် တရုတ်မီဒီယာများမှအင်တာဗျူးကို လက်ခံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုအကြိမ် တရုတ်ခရီးစဉ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ထိုအချိန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို-နိုဒါ၏ တရုတ်ခရီးစဉ်ပြီးနောက် ၇ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်ဖြစ်သည်။ ရှင်ဇိုအာဘေးက ယခုအကြိမ် တရုတ်ခရီးစဉ်အတောအတွင်း တရုတ်ပြည်ဘက်နှင့်အတူ တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နှစ်ကို အထိမ်းအမှတ်ပြုပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၌ ရင်ဆိုင်နေကြသော ပြဿနာများနှင့်ပတ်သက်၍ ဥက္ကဋ္ဌရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီခေ့ချန်နှင့် ပွင့်ပွင့်လင်းလင်း ကူးလူးဖလှယ်ကာ နိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ကူးလူးဆက်ဆံရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်-ဂျပန် ဆက်ဆံမှုကို တွန်းအားပေးကြရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio