• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်အစိုးရသည် ထိုင်ဝမ်ကို လမ်းမှားသို့ ရောက်စေ

(GMT+08:00) 2018-10-22 17:21:42

        အမေရိကန် ဒုသမ္မတ ပင့်စ်က တရုတ်ပြည်သည် အမေရိကန်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာ စည်းစနစ် အပေါ် စိန်ခေါ်ကာ ထိုင်ဝမ် ရေလက်ကြား၏ တည်ငြိမ်မှုကို ခြိမ်းခြောက်သည်ဟု အောက်တိုဘာလ လဆန်းက ဖော်ပြခဲ့ကြောင်း၊ မကြာခင်က အမေရိကန် စစ်တပ်သည်လည်း ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာတွင် ဆောင်ရွက်မှု ရှိကြောင်း၊ ယင်းလုပ်ရပ်များသည် တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု အပေါ် ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း၊ ဆိုက်ယင်းဝင် ဦးဆောင်သော ထိုင်ဝမ် အာဏာပိုင်သည် အမေရိကန် အစိုးရမှ ယင်းလုပ်ရပ်များကို တက်ကြစွာ တုံ့ပြန်ပြီး ထိုင်ဝမ်ကို အန္တရာယ်ရှိသည့် အခြေအနေတွင် ကျရောက်စေကြောင်း စီအာအိုင်က ဖော်ပြသည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကန် အစိုးရမှ ပြောဆိုဆောင်ရွက်ချက်များ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း ပဋိပက္ခနှင့် အပြစ်များကို ရှောင်လွှဲချပြီး ရွေးကောက်ပွဲကို ကယ်ဆယ်ရန် ဖြစ်ကြောင်း၊ အမေရိကန် မီဒီယာ AXIOSက အမေရိကန် အစိုးရသည် တရုတ်ပြည် အပေါ် အတိုင်းအတာ ကြီးမားသည့် ဆန့်ကျင့်ရေး စီမံကိန်းကို ကြံစည်ချမှတ် နေသည်ဟု ဖော်ပြ ကြောင်း၊ အမေရိကန် "သံတမန်ရေး မူဝါဒ" မဂ္ဂဇင်းတွင် အမေရိကန် တပ်မတော်သည် တရုတ်ပြည် အပေါ် မဟာဗျူဟာမြောက် ပြောင်းလဲမှုကို ဖော်ဆောင်ရေး အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၇၀၀ ရင်းနှီးမည်ဟု ရေးသား ဖော်ပြကြောင်း၊ လက်ရှိအချိန် တွင် တရုတ်ပြည် အပေါ် အမေရိကန်၏ မဟာဗျူဟာတွင် နိုင်ငံရေး ထိန်းညှိမှု၊ စည်းမျဉ်းဥပဒေ ကန့်သတ်မှု၊ သံတမန်ရေး ဟန့်တားမှု၊ စီးပွားရေး ဖိအားပေးမှု နှင့်စစ်ရေး ပြင်ဆင်မှု စသည့် နယ်ပယ်များ ပါဝင်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အကယ်၍  အမေရိကန်သည် ထိုင်ဝမ် အတွက် ထိန်းသိမ်းကာကွယ်သူ မဟုတ် ကြောင်း၊ ဆိုက်ယင်းဝင် အနေနှင့် အမေရိကန် အပေါ် မှီခိုအားထားလျှင် ထိုင်ဝမ်ကို အန္တရာယ်ရှိသည့် အခြေအနေတွင် ကျရောက်စေမည် ဖြစ်ကြောင်း၊ ထရန့် အစိုးရသည် ထိုင်ဝမ်ကို လိုလားပြီး တရုတ်ပြည်မကြီးကို ဆန့်ကျင်သည့် မူဝါဒကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေကြောင်း၊ ဥပမာပြောရလျှင် သမ္မတ တာဝန် ထမ်းဆောင်ပြီး ဆိုက်ယင်းဝင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း၊ "ထိုင်ဝမ်နှင့် ပေါင်းသင်းဆက်ဆံရေး ဥပဒေ"ကို ချုပ်ဆိုခြင်း၊ မကြာခင်က ထိုင်ဝမ်ကို အိန္ဒိယသမုဒ္ဒရာ-ပစိဖိတ်သမုဒ္ဒရာ မဟာဗျူဟာတွင် ထည့်သွင်းခြင်း စသည်များ ပါဝင်ကြောင်း၊ အမေရိကန် အစိုးသည် ထိုင်ဝမ်ကို တရုတ်ပြည် အပေါ် ထိန်းချုပ်ဟန့်တားရန် အတွက် အသုံးပြုနေကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်နှင့် ထိုင်ဝမ် အကြားရှိဆက်ဆံမှု မည်သို့ အဆင့်တိုးမြင့် လာမည်ဖြစ်စေ၊ အိမ်ဖြူတော်မှ "အမေရိကန်အား ဦးစားပေးရေး" မူဘောင်ကို မကျော်လွန်နိုင်ကြောင်း၊ မကြာခင်က ထုတ်ဝေသော "ကြောက်ရွံ့မှု-အိမ်ဖြူတော်ရှိ ထရန့်"ဟူသော စာအုပ်တွင် ထရန့်သည် ထိုင်ဝမ် အပေါ် ထူးခြားသည့် သံယောဇဉ် မရှိဘဲ အမေရိကန်-ထိုင်ဝမ် ဆက်ဆံမှု အပေါ်လည်း လုံလောက်သော စိတ်ဝင်စားမှုနှင့် သိရှိနားလည်မှု မရှိ၊ ၄င်းအလေးအထားဆုံးသည်မှာ "အမေရိကန် အနေနှင့် ထိုင်ဝမ်ကို ထိန်းသိမ်းကာကွယ် မှုမှ မည်သည့် အကျိုးရရှိနိုင်မလဲ" ဖြစ်သည်ဟု ရေးသားဖော်ပြကြောင်း၊ အမေရိကန်မှ ထိုင်ဝမ်ရေလက်ကြား ရေးရာ ပညာရှင် ရှယ်လီ ရစ်ဂါက ထရန့်သည် ထိုင်ဝမ် အတွက် လုံခြုံစိတ်ချရသော မဟာမိတ်ဖက် မဟုတ်ဟု ထိုင်ဝမ် အာဏာပိုင်အား သတိပေး ပြောဆိုခဲ့ဖူးကြောင်း စီအာအိုင်က ဖော်ပြသည်။

မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာများနှင့် စပ်လျဉ်း၍ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ထပ်လောင်းဖော်ပြခဲ့ကြောင်း၊ ထိုင်ဝမ် အနေနှင့် အမေရိကန် အပေါ် အလွန်အကျွံ မှီခိုအားထားမည် ဆိုလျှင် အိမ်ဖြူတော်၏ မူဝါဒ ဆိုင်ရာ လက်ကိုင်တုတ် ဖြစ်လာမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် ပိုမိုကြီးမားများပြားသည့် မရေမရာ ဖြစ်မှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်၏ နောက်ကွယ်တွင် တရုတ်ပြည်မကြီးနှင့် အလျှော့ပေးမှု ရရှိနိုင်မည်ဟု ထရန့်အစိုးရ ထင်မြင်ပါက ထိုင်ဝမ်ကို အချိန်မရွေး စွန့်ပစ်နိုင်ဖွယ်ရာ ရှိကြောင်း၊ ထိုင်ဝမ် သီးခြားလွတ်လပ်ရေးသည် ထိုင်ဝမ်ကို ဒုက္ခအန္တရာယ်တွင် ကျရောက် စေသည့် အရင်းအမြစ် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   

   Webradio