• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုများပြားသော တရုတ်ခရီးသည်များ မြန်မာနိုင်ငံသို့ ခရီးသွားရန် မြန်မာနိုင်ငံသည် ခရီးသွားမိတ်ဆက်ပွဲကျင်းပ

(GMT+08:00) 2018-10-22 14:52:44

ယခုလ ၂၀ ရက်နေ့က မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနသည် ရန်ကုန်မြို့၌ မြန်မာခရီးသွားမိတ်ဆက်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံအစိုးရအတွက် အကြံပြုရန် တရုတ်-မြန်မာနှစ်နိုင်ငံ လေကြောင်းကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းများ ၊ ခရီးသွားအဖွဲ့များကို ဖိတ်ခေါ်ပြီး ပိုမိုများပြားသော တရုတ်ခရီးသည်များ မြန်မာနိုင်ငံသို့ ခရီး သွားရန် မည်သို့ဆွဲဆောင်ရမည်ကို ဆွေးနွေးဖလှယ်ကြသည်ဟု စီအာအိုင်သတင်းအရ သိရသည်။

ပြီးခဲ့သည့်၃၊၄ရက်အတွင်း နာမည်ကျော်ခရီးသွားလမ်းညွှန်ဖြစ်သည့် Lonely Planet သည် ကမ္ဘာ့အံ့သြဖွယ်ရာအကောင်းဆုံးသော ခရီးသွားနေရာ ၂၀ အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းစာရင်းတွင် အာရှတိုက်ရှုခင်းသာနေရာ ၂ ခုသာ ဝင်ရောက်ခဲ့ပြီး ၄င်းတို့သည် မြန်မာနိုင်ငံက ကျိုက်ထီးရိုးနှင့် ကာဇာတ်စတန်က ကာအင်ဒီရေကန် ပင်ဖြစ်ပါသည်။

   Webradio