• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိ​ယလက်ဖက်ရွက်မိတ်ဆက်ပွဲ ရှမိန်မြို့၌ ကျင်းပ

(GMT+08:00) 2018-10-22 14:08:10
၅ရက်ကြာကျင်းပသော ၂၀၁၈ခုနှစ်တရုတ် ရှမိန်မြို့ နိုင်ငံတကာလက်ဖက် လုပ်ငန်း(ဆောင်းရာသီ) ကုန်စည်ပြပွဲကို ကျင်းပနေကြောင်း၊ ကမ္ဘာ လက်ဖက်စိုက်ပျိုး ရေး ဒုတိယအများဆုံးနိုင်ငံဖြစ်သောကြောင့် အိန္ဒိယနိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းဌါန ၂၀ကျော် နှင့် ရှမိန်သက်ဆိုင်ရာကုမ္ပဏီ ၅၀တို့ ယခုလ ၂၁ရက်နေ့ညက စေ့စပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း တရုတ်သတင်းအရ သိရပါသည်။

ယခုကျင်းပနေသော လက်ဖက်ကုန်စည်ပြပွဲ၌ အိန္ဒိယလက်ဖက် ကော်မတီ ဥက္ကဋ္ဌက အိန္ဒိယလက်ဖက်ဈေးကွက်တိုးချဲရန် တရုတ်ပြည်လက်ဖက် လုပ်ငန်းရှင်နှင့် ကုန်သည်များအတွက် အိန္ဒိယ လက်ဖက်ရွက်ဈေးကွက်ကို ရှင်းလင်းမိတ်ဆက်ပေးခဲ့ကြောင်းသိရပါသည်။

   Webradio