• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ် တရုတ်-အရှေ့နှင့် အလယ်ဥရောပ နိုင်ငံများ ဒေသန္တရ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-10-22 12:07:55

စတုတ္ထအကြိမ် တရုတ်-အရှေ့နှင့် အလယ်ဥရောပ နိုင်ငံများ ဒေသန္တရ ခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာလ ၂၀ရက်နေ့က ဘူလ်ဂေးရီးယားနိုင်ငံ စိုဖီယာမြို့တွင် ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် "စိုဖီယာသဘောတူညီချက်"ကို ထုတ်ပြန်ခဲ့ရာ နယ်ပယ်အသီးသီ၌ ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ပန်ကြားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

စိုဖီယာသဘောတူညီချက်တွင် The Belt and Road အဆိုပြုချက်သည် ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်ကောင်း ဆောင်ကြဉ်းလာသည်ဟု အလေးထား ဖော်ပြကြောင်း၊ ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုသည် "၁၆+၁ ပူးပေါင်းဆောင်ရွက်မှု"၏ အရေးကြီး အစိတ်အပိုင်းဖြစ်ရန် သဘောတူကြောင်း၊ ခေါင်းဆောင်များ တွေ့ဆုံပွဲမှ ၂၀၁၈ခုနှစ်ကို "၁၆+၁ ပူးပေါင်းဆောင်ရွက်မှုနှစ်" အဖြစ် သတ်မှတ်ခြင်းကို ချီးကျူး ကြောင်း၊ "၁၆+၁ ပူးပေါင်းဆောင်ရွက်မှု"ပြည်နယ်အုပ်ချုပ်ရေးမှူး သမဂ္ဂမှ ပါဝင်ဆောင်ရွက် သော အရေးကြီးအခန်းကဏ္ဍကို အတည်ပြုကြောင်း၊ တရုတ် နှင့် အရှေ့နှင့် အလယ်ဥရောပ နိုင်ငံများအကြား ကုန်သွယ်မှု အဆက်မပြတ် တိုးမြှင့်ခြင်းကို ကြိုဆိုကြောင်းလည်း  ဖော်ပြသည်ဟု သတင်းရရှိပါသည်။

   Webradio