• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

IRBM သဘောတူစာချုပ်မှ ကန် နှုတ်ထွက်ရန် ထရမ့်မှပြောဆိုချက်နှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖေဖန်

(GMT+08:00) 2018-10-22 11:33:45

      မကြာခင်ကအမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က၊ အမေရိကန်အနေနှင့်၊ IRBM သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု ပြောဆိုခဲ့သည်။ ယင်နှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည်၊ ယခုလ ၂၁ ရက်နေ့က ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ရာ၊ အမေရိကန်၏ ယင်းလုပ်ရပ်သည်၊ ပိုလာဝန်ရိုးတစ်ခုတည်းရှိသော ကမ္ဘာ unipolar worldကို ဖန်တီးပေးရန်ပင်ဖြစ် ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်မှ ထုတ်ပြန်သည့် ယင်းဝေဖန်ရေးဆောင်းပါး တွင် အမေရိကန်သည်၊ လွန်ခဲ့သည့် နှစ်များတွင် IRBM သဘောတူစာချုပ်မှ နှုတ်ထွက်ရန် ကြံစည်ခဲ့ဖူးကြောင်း၊ ရုရှားအနေနှင့်၊ အမေရိကန်၏ ကြံစည်မှုကို ကြိမ်ပေါင်းများစွာ ဖွင့်ချခဲ့ကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio