• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှနှင့် ဥရောပ အကြား ပိုမိုနွေးထွေးလာ

(GMT+08:00) 2018-10-21 15:58:31

      မကြာခင်က နယ်သာလန် နိုင်ငံရှိ ဓါတ်ခဲ ထုတ်လုပ်မှု ကုမ္ပဏီ ဖြစ်သည့် Lithium Werks BVကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၁့၈၅ဘီလီယံကို ရင်းနှီးပြီး တရုတ်ပြည်တွင် စွမ်းအင်သစ် လစ်သီယမ်ဓါတ်ခဲ စူပါလုပ်ငန်း အစီအစဉ်ကို လုပ်ကိုင်ဆောင်ရွက်ကာ သုတေသန ဖော်ထုတ်ရေး အခြေခံ စခန်းကို တည်ဆောက်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည် အနေနှင့် ပြည်တွင်း ဈေးကွက်အား တစ်ဆင့်တိုးချဲ့ဖွင့်လှစ်ခြင်းကို ပြဆိုနေပြီး ဥရောပ အနေနှင့် ဥရောပ-တရုတ် ဆက်ဆံမှု တစ်ဆင့်တိုး နွေးထွေးစေရန် ခြေလှမ်းသစ်လည်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထို့အပြင်၊ အာရှနှင့် ဥရောပ ၅၁နိုင်ငံ၊ ဥရောပ သမဂ္ဂနှင့် အာဆီယံမှ ထိပ်သီးခေါင်းဆောင်များသည် ယခုလ ၁၉ရက်နေ့က အာရှ-ဥရော ထိပ်သီး အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ တံခါးဖွင့်မှုရှိပြီး လွတ်လပ်သော ကုန်သွယ်မှု အတွက် ကြိုးပမ်းဆောင်ရွက်ပြီး ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မှန်သမျှကို ဆန့်ကျင်ကြောင်း၊ အီရန် နျူကလီးယား သဘောတူ စာချုပ်ကို အားပေးထောက်ခံပြီး ဂလိုဘယ် ရာသီဥတု ပြောင်းလဲမှုကို ခုခံကာကွယ်မည် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

အာရှနှင့် ဥရောပ အကြား ပိုမိုနွေးထွေးလာသည့် အကြောင်းရင်းများစွာ ရှိကြောင်း၊ ပထမ အချက်က အမေရိကန်မှ ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်ရပ်သည် တစ်ကမ္ဘာလုံး အပေါ် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာကြောင်း၊ အာရှနှင့် ဥရောတို့သည် ယင်းဆိုးရွားသော စိန်ခေါ်မှုကို လက်တွဲ ရင်ဆိုင်ရန် လိုအပ်ကြောင်း၊  ဒုတိယ အချက်ကတော့ အာရှနှင့် ဥရောပ နိုင်ငံများသည် အာရှ-ဥရောပ ကုန်းတွင်း အပြန်အလှန် ဆက်သွယ်ရေးကို အလေးထား ဆောင်ရွက်နေကြကြောင်း၊ တရုတ်ပြည်မှ Belt and Road အဆိုပြုချက်နှင့် ဥရောပမှ အပြန်အလှန် ဆက်သွယ်ရေး မဟာဗျူဟာများသည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်ကောင်းသစ် များကို ဖန်တီးပေးပြီး အာရှနှင့် ဥရောပ အကြား တစ်ဆင့်တိုး ရောနှောပေါင်းစပ်လာ စေကြောင်း၊ တတိယအချက်က အာရှနှင့် ဥရောပ နိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှုနှင့် အီရန် နျူကလီးယား ပြဿနာ အပါအဝင် လက်ရှိ နိုင်ငံတကာ အခြေအနေ အပေါ် ဂယက်ရိုက်ခတ်မှု ရှိသည့် အရေးကြီး အရေးကိစ္စနှင့် ပြဿနာများ အပေါ် နီးစပ်သော(သို့) တူညီသော အမြင်သဘောနှင့် မူဝါဒ ရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

စည်းမျဉ်းဥပဒေကို အခြေခံသော နိုင်ငံတကာ စည်းစနစ်၊ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကို အမြုတေထားသော ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်နှင့် အနာဂတ်ရေးကို ရှေ့ရှုပြီး ခြိမ်းခြောက်မှု အန္တရာယ်များကို ကြိုတင်ကာကွယ်မှု ရှိကာ တာဝန်ယူတတ်သော နိုင်ငံတကာ မိသားစုကြီးသည် အာရှနှင့် ဥရောပ နှစ်ဖက်တို့၏ မျှော်လင့်ချက်နှင့် ကိုက်ညီပြီး တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio