• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ထုတ် ကုန်းရေနှစ်မျိုးဆင်းသက်နိုင်သည့် အကြီးစား လေယာဉ်၏ ရေပြင်ပေါ်မှ ပထမဆုံး အောင်မြင်စွာ ပျံသန်းခြင်း အတွက် ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-10-21 15:26:45

      တရုတ်ပြည်မှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်သည့် မီးသတ်ရေးနှင့် ရေပြင် ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ပြီး ကုန်းရေနှစ်မျိုးဆင်းသက်နိုင်သော အကြီးစား လေယာဉ် AG600သည် ယခုလ ၂၀ရက်နေ့ နံနက်ပိုင်းက ဟူပေပြည်နယ် ကျင်းမင်မြို့ ကျန်းဟို လေဆိပ်တွင် ရေပြင်ပေါ်မှ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio