• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   


တတိယအကြိမ်တရုတ်-အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးဖွင့်လှစ်

(GMT+08:00) 2018-10-19 15:39:05

 " အာဆီယံပုံစံ--၂၁ရာစုနိုင်ငံတကာဆက်သွယ်ရေးကို ဇောက်ချခြင်း"ဟူသော ဆောင်ပုဒ်အဖြစ်ဖြင့် တတိယအကြိမ်တရုတ်-အာဆီယံလူငယ်များထိပ်သီး အစည်းအဝေးကို ယခုလ၁၈ရက်နေ့က ပီကင်းတက္ကသိုလ်၌ ဖွင့်လှစ်လိုက်ကြောင်း၊ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသူကျောင်းသားကိုယ်စားလှယ် ၂၀၀ခန့်တို့သည် ယခုအကြိမ်အစည်းအဝေးသို့တက်ရောက်ကြကြောင်း တရုတ် သတင်းဌါနမှ သတင်းအရသိရပါသည်။

အာဆီယံဒုအတွင်းရေးမှူးချုပ်က လူငယ်များသည် နောင်တွင် တရုတ်နှင့်အာဆီယံပူးပေါင်းဆောင်ရွက်မှု၏ တွန်းအားနှင့်  ကျော​ရိုး​မဏ္ဍိုင်ဖြစ်လာရန် မျှော်လင့်ပါကြောင်း ယခုအကြိမ် အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio