• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"မှန်မှန် တိုးတက်ခြင်း နှစ်ခု"နဲ့ တရုတ် အရပ်ဘက်လုပ်ငန်းရဲ့ အနာဂတ်ရေး အတွက် လမ်းပြ

(GMT+08:00) 2018-10-19 09:49:18

အခု လောလောဆယ်မှာ တရုတ်ပြည် ကျယ့်ကျန်းပြည်နယ် ဝင်းကျိုးမြို့၌ ခေတ်သစ်မှာ "မှန်မှန် တိုးတက်ခြင်း နှစ်ခု" ရှေ့ပြေးဇုန် လှုံ့ဆော်ရေး အစည်းအဝေးနဲ့ ပထမ အကြိမ် ခေတ်သစ် ဝင်းကျိုးမြို့ "မှန်မှန် တိုးတက်ခြင်း နှစ်ခု" ဖိုရမ်များကို ပြုလုပ် နေပါတယ်။ တရုတ်ပြည် အရပ်ဘက် စီးပွါးရေး ရေသောက်မြစ်နေရာနဲ့ "မှန်မှန် တိုးတက်ခြင်း နှစ်ခု" ရှေ့ပြေးဇုန် အဖြစ်နဲ့ ဝင်းကျိုးမြို့ဟာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးရဲ့ လမ်းစမ်းသူနဲ့ ရှေ့ပြေးသူ အဖြစ် နောက်ထပ်တစ်ကြိမ် ထမ်းဆောင်လာနေပါတယ်။

"မှန်မှန် တိုးတက်ခြင်း နှစ်ခု" ဆိုတာဟာ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးမှာ တင်ပြခဲ့ခြင်း ဖြစ်ပြီး၊ ရည်ရွယ်ချက် ကတော့ သင့်မြတ်ပြီး သန့်စင်တဲ့ နိုင်ငံရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုကို ထားရှိဖို့၊ အများပိုင် စနစ် မဟုတ်တဲ့ စီးပွါးရေး မှန်မှန် တိုးတက်ရေးနဲ့ အများပိုင်စနစ် မဟုတ်တဲ့ စီးပွါးရေး ပုဂ္ဂိုလ်များရဲ့ လုပ်ငန်းများ မှန်မှန် တိုးတက်ရေးကို တွန်းအား ပေးဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်ပြည် အရပ်ဘက် လုပ်ငန်းကုမ္ပဏီများဟာ အရင်းအမြစ် ၄၀ ရာခိုင်နှုန်းနဲ့ တရုတ်ပြည် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဖန်တီး နိုင်ခဲ့ပြီး အခွန် စုစုပေါင်း ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပေးဆောင်ခဲ့တယ်။ ဒါ့အပြင် နည်းပညာ ဆန်းသစ်တီထွင်မှုနဲ့ ကုန်ပစ္စည်း ဆန်းသစ်တီထွင်မှု စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို လုပ်ဆောင်ပေးပြီး အလုပ်အကိုင်နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း ဝင်းကျိုးမြို့ဟာ တရပ်ဘက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်မှာ တော်တော်များများ ဖြစ်တဲ့ "တရုတ်ပြည်မှာ ပထမ ဖြစ်တာ" ကို ဖန်တီး နိုင်ခဲ့ပြီး "ဝင်းကျိုး အသွင်ပုံစံ" ဖြစ်တည်လာတဲ့အပြင် စူးစမ်းရေးနဲ့ ရှေ့ပြေးရေး စိတ်ဓါတ်နဲ့ နာမည် ကျော်ကြားပါတယ်။ လက်ရှိအချိန်မှာ ဝင်းကျိုး မြို့သူမြို့သား ၁၀ ဦး ထဲမှာ လုပ်ငန်း ထူထောင်သူနဲ့ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်သူ တစ်ဦး ရှိပြီး အရပ်ဘက် လုပ်ငန်း ကုမ္ပဏီ ပမာဏဟာ ဝင်းကျိုးမြို့ရှိ လုပ်ငန်းကုမ္ပဏီ စုစုပေါင်း ပမာဏရဲ့ ၉၉့ ၅ ရာခိုင်နှုန်း ရှိတယ်လို့ သတင်းရရှိပါတယ်။

ဝင်းကျိုးမြို့က လာမယ့်သုံးနှစ်အတွင်း ဒေသခံ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ပြည်တွင်း ရှေ့ပြေး အရည်အချင်းမီအောင် ဆောင်ရွက်ဖို့၊ ၂၀၂၅ ခုနှစ် ရောက်တဲ့အခါ ခေတ်သစ် လိုအပ်ချက်နဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒေသခံ ထူးခြားချက် ဝိသေသ ပါရှိတဲ့ ခေတ်မီ စီးပွါးရေး စည်းစနစ်ကို အခြေခံအားဖြင့် ပြီးမြောက်အောင် တည်ဆောက်ဖို့ ရည်မှန်းချက်များကို တင်ပြထားပါတယ်။

သင့်မြတ်ပြီး သန့်စင်တဲ့ နိုင်ငံရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုကို ထားရှိခြင်း ဆိုတာဟာ အစိုးရဌာနများက အရပ်ဘက် လုပ်ငန်းကုမ္ပဏီများအတွက် ဖွံ့ဖြိုးစဉ်မှာ ကြုံတွေ့တဲ့ အခက်အခဲများနဲ့ ပြဿနာများကို ဖြေရှင်းရမယ့် တစ်ချိန်တည်းမှာ အာဏာ အလွဲ သုံးစားမှုကို မပြုလုပ်ရဘူး ဆိုခြင်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ အရပ်ဘက် လုပ်ငန်းရှင်များ အနေနဲ့လည်း စည်းမျဉ်းစည်းကမ်းကို လိုက်နာရပြီး လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ် လုပ်ဆောင်ရပါတယ်။ အဲဒါတွေဟာ ဒေသခံ အရပ်ဘက် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းတဲ့ အာမခံပေးမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ဝင်းကျိုးမြို့မှာ လုပ်ငန်းကုမ္ပဏီများ ကတိသစ္စာဆိုင်ရာ အဆင့် အကဲဖြတ်ရေးစနစ်နဲ့ အကဲဖြတ် စာရင်းဇယားကို အချိန်မှန် ထုတ်ပြန်ရေး စနစ်ကိုလည်း ဆက်လက် ကျင့်သုံးမှာ ဖြစ်ပြီး ဥပဒေနဲ့အညီ ပိုင်ဆိုင်ရေးစနစ် မတူခြားနားတဲ့ လုပ်ငန်းများရဲ့ အကျိုးစီးပွါးကို တန်းတူရည်တူ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ စူးစမ်းရေးနဲ့ ရှေ့ပြေးရေး စိတ်ဓါတ် ပိုင်ရှိတဲ့ ဝင်းကျိုးမြို့ လုပ်ငန်းရှင်များဟာ တရုတ်ပြည်ရဲ့ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ အဆင့်မြှင့်တင်ရေး ဖြစ်စဉ်မှာ ပိုမို အားကောင်းတဲ့ ဆန်းသစ်စွမ်းအားနဲ့ ယှဉ်ပြိုင်စွမ်းအားများနဲ့ စူးစမ် လေ့လာ ကြိုးပမ်း အားထုတ်မယ်လို့ ခန့်မှန်းရပါတယ်။

   Webradio