• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရသည် ပြည်သူတစ်ရပ်လုံး ဆင်းရဲမှု ပပျောက်ရေး တိုက်ပွဲ အောင်ပွဲရအောင် ကြိုးပမ်းရန် လှုံ့ဆော်

(GMT+08:00) 2018-10-18 09:22:55

အောက်တိုဘာလ ၁၇ ရက်နေ့သည် တရုတ်နိုင်ငံ၏ ပဉ္စမ အကြိမ်မြောက် နိုင်ငံတော် ဆင်းရဲမှု ပပျောက်ရေးနေ့ ဖြစ်သလို ၂၆ ကြိမ်မြောက် နိုင်ငံတကာ ဆင်းရဲမှု ပပျောက်ရေးနေ့လည်း ဖြစ်ကြောင်း၊ ယင်းနေ့တွင် တရုတ်အစိုးရသည် ပီကင်း၌ အစည်းအဝေး ကျင်းပပြီး၊ တစ်ပြည်လုံး ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းတွင် ထူးချွန် ပုဂ္ဂိုလ်များနှင့် လုပ်ငန်းဌာနများအား ချီးမြှင့်၍ ပြည်သူတစ်ရပ်လုံး ဆင်းရဲမှု ပပျောက်ရေး တိုက်ပွဲ အောင်ပွဲရအောင် ကြိုးပမ်းရန်လည်း လှုံ့ဆော်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မျက်မှောက်ကာလ၌ တရုတ်ပြည် ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းသည် သော့ချက်ကျ ကာလသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ ယခု တစ်ပြည်လုံးတွင် ဆင်းရဲသူ သန်း ၃၀ ခန့် ရှိသည့်အပြင် ဆင်းရဲသောဒေသများ ရှိမြဲ ရှိနေသေးကြောင်း၊ ဆက်လက်ပြီး တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း လူ ၁၀ သန်းကျော် ဆင်းရဲမှု လျှော့ချရန် တာဝန်ကို မုချဧကန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် ရောက်သည့် အခါ ကျေးလက်ဒေသ၌ ဆင်းရဲမှု ပပျောက်ရေး ရည်မှန်းချက် ထမြောက်နိုင်ရန် အာမခံ ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio