• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အရည်အသွေး ပိုမိုမြင့်မားသော စားနပ်ရိက္ခာ လုံခြုံဖူလုံမှု အာမခံ စနစ်ကို တည်ထောင်မည်

(GMT+08:00) 2018-10-17 09:32:57

အောက်တိုဘာလ ၁၆ ရက်နေ့သည် ၃၈ ကြိမ်မြောက် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ ဖြစ်ပါသည်။ ယင်းနေ့တွင် တရုတ် နိုင်ငံတော် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ သိုလှောင်ရေး ဦးစီးဌာန၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့တို့သည် တရုတ်ပြည် ဟန်ကျိုးမြို့၌ "နိုင်ငံသားများ၏ ထမင်းပန်းကန် အတွက် စားနပ်ရိက္ခာ လုံခြုံဖူလုံမှုကို အာမခံပေးခြင်း" ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။ စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ သိုလှောင်ရေး ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် အရည်အသွေး ပိုမို မြင့်မားပြီး၊ တွင်ကျယ်မှုရှိသည့် ရေရှည် စားနပ်ရိက္ခာ လုံခြုံဖူလုံရေး အာမခံစနစ်ကို တည်ထောင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မကြာမီက ထုတ်ပြန်သော ၂၀၁၈ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံဖူလုံမှုနှင့် အာဟာရ အခြေအနေ အစီရင်ခံစာတွင်၊ ကမ္ဘာပေါ်တွင် ငတ်မွတ်မှု ခံရသူ ဦးရေမှာ ဆက်လက် လျော့နည်းခဲ့ပြီးနောက် ယခုလောလောဆယ်တွင် ပြန်လည် တိုးများလာနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စားနပ်ရိက္ခာ ဖူဖူလုံလုံ မရှိသူ ဦးရေမှာ ၈၂၁ သန်း ရှိပြီး ကမ္ဘာပေါ်တွင် လူ ၉ ဦးလျှင် ၁ ဦး ငတ်မွတ်မှု ခံနေရကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ ကိုယ်စားလှယ် ဗင်စင်မာတင်က၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငတ်မွတ်မှု ကင်းမဲ့ရေး လုပ်ငန်းတွင် ထူးချွန်သော စံနာမူနာကောင်းဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်ရေး လုပ်ဆောင်သည့် နှစ် ၄၀ အတွင်း ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတော်၏ စားနပ်ရိက္ခာ လုံခြုံဖူလုံမှုကို အောင်မြင်စွာ အာမခံ ပေးနိုင်ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio