• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ ကိုးလအတွင်း တရုတ် ဗဟိုလုပ်ငန်းကုမ္ပဏီများ၏ ဝင်ငွေ ၁၁ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2018-10-16 09:21:28

တရုတ်နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ငွေဓနဥစ္စာ ကြီးကြပ် စီမံရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဖုန်ဟွာကမ်က၊ ယခုနှစ် ပထမ ကိုးလအတွင်း တရုတ် ဗဟို လုပ်ငန်း ကုမ္ပဏီများ၏ ဝင်ငွေမှာ ယွမ် ဘီလီယံ ၂၁၁၀၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ လက်ရှိ အချိန်တွင် တရုတ်ပြည် တွန်းအားပေး လုပ်ဆောင်နေသော ပေါင်းစပ် ပိုင်ဆိုင်မှုစနစ် ပြုပြင်ပြောင်းလဲခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိခြင်း ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။

ယခုနှစ် ပထမ ကိုးလအတွင်း ဗဟိုလုပ်ငန်းကုမ္ပဏီများ၏ ပုံသေ ဓနဥစ္စာ ဆိုင်ရာ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ယွမ် ဘီလီယံ ၁၅၀၀ ကျော် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂့ ၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရင်းနှီးမြှပ်နှံမှု တိုးတက်သည့် အဓိက လုပ်ငန်းနယ်ပယ်များမှာ အရေးကြီး ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးရေး၊ သိပံ္ပနည်းပညာတို့ ဖြစ်ပြီး ကျောက်မီးသွေး တူးဖေါ်ခြင်းနှင့် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးခြင်း နယ်ပယ်များ၌ ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာနေကြောင်း သတင်း ရရှိပါသည်။

   Webradio