• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆပ်ပြာဓါတ်ပေါများပြည်ဝနေသည့် မြေရိုင်းပေါ်မှာ ဆောက်ထားသော စမတ် မြို့နယ်သစ်

(GMT+08:00) 2018-10-15 09:40:23

တရုတ်နိုင်ငံ ထျန်ကျင်းမြို့ ပင်းဟိုင် မြို့နယ်သစ်သည် ခေတ်မီ စမတ် မြို့နယ်သစ် တစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ် ၄၀ ကျော်တုန်းကမူ ယင်းနေရာသည် ဆပ်ပြဓါတ် ပေါများပြည့်ဝနေသည့် မြေရိုင်း တစ်ကွက် ဖြစ်ခဲ့သည်။ နှစ် ၄၀ ကျော်ကြာ ဆောက်လုပ် ခဲ့ပြီးနောက် ယခု ပင်းဟိုင်မြို့နယ်သစ်သည် လေကြောင်းနှင့် အာကာသလုပ်ငန်း၊ ဇီဝ ဆေးပညာ၊ စွမ်းအင်သစ် အပါအဝင် အဆင့်မြင့်သိပံ္ပနည်းပညာ လုပ်ငန်းများ စုစည်း ရှင်သန်နေသော ရပ်ကွက် တစ်ခု ဖြစ်လာပါပြီ။

ပင်းဟိုင် မြို့နယ်သစ် ဒုဥက္ကဋ္ဌ ရှာ့ချင်းလင်က၊ အနာဂတ်တွင် ပင်းဟိုင် မြို့နယ်သစ်တွင် ကဏ္ဍစုံ စီးပွါးရေးပုံစံ၊ အင်တယ်လစ်ဂျင့် စီးပွါးရေးနှင့် တံခါးဖွင့်ရေးကို ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ လာမည့် သုံးနှစ်အတွင်း မြို့နယ်သစ်တွင် တစ်ပြည်လုံး၌ ရှေ့ပြေးသော အဆင့်မြင့်နည်းပညာ လုပ်ငန်းစဉ် လေးခုမှ ငါးခုအထိ ရှိနိုင်ရန်နှင့် ယွမ် ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိသည့် လုပ်ငန်းစဉ် ၁၀ ခုကျော် ရှိနိုင်ရန် ဖြစ်ပြီး ဤသို့ဖြင့် စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio