• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၆ ကြိမ်မြောက် ပူးပေါင်းဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်မှုတိုက်ဖျက်ရေးအစည်းဝေးကျင်းပ

(GMT+08:00) 2018-10-11 14:51:38

တရုတ်-ဗီယက်နမ်နှစ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ၆ ကြိမ်မြောက် ပူးပေါင်း ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်မှုတိုက်ဖျက်ရေးအစည်းဝေးကို ယခုလ ၁၀ ရက်နေ့က ပီကင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ပြည်သူ့လုံခြုံရေးဝန်ကြီး ကျောက်ခေ့ကျိနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မ တီဝင်၊ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးစူလင်းတို့သည် အစည်းအဝေးသို့ တက် ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစည်းအဝေးတွင်ကျောက်ခေ့ကျိက နှစ်ဘက်တို့သည် နှစ်ပါတီနှင့်နှစ်နိုင်ငံ ခေါင်းဆောင်တို့၏အရေးကြီး သောသဘောတူညီမှုကို လက်တွေ့ဆောင်ရွက်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

စူလင်းကလည်း နှစ်ဘက်တို့သည် ဥပဒေကျင့်သုံးရေးလုံခြုံမှုနယ်ပယ်အသီးသီးတွင် လက် တွေ့ကျပူးပေါင်းဆောင်ရွက်မှုအဆက်မပြတ်တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

   Webradio