• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပင့်စ်ရဲ့စကား ရယ်ဖို့ကောင်းတယ်လို့ တရုတ် အင်တာနက် သုံးသူများ ဆိုကြတယ်

(GMT+08:00) 2018-10-11 10:01:18

မကြာခင်က အမေရိကန် ဒုသမ္မတ ပင့်စ်ဟာ မိန့်ခွန်း ပြောကြားပြီး အမေရိကန်ရဲ့ အင်အားတောင့်တင်းမှုကို ကြွား၍ တရုတ်ပြည်က လောဘရမ္မက် ရှိနေတယ်လို့လည်း ပြောဆိုခဲ့တယ်။ သူ စကား ပြောပြီးပြီးချင်း အင်တာနက် လူမှုကွန်ရက်မှာ အမေရိကန်လူမျိုးများက ပင့်စ်ရဲ့ စကားကို အသီးသီး ကဲ့ရဲ့ ပြစ်တင် ခဲ့ကြတယ်။ ဒီ့နောက်မှာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပင့်စ်ရဲ့ စကားကို သေသေချာချာ တရုတ်လို ဘာသာပြန်ပြီး ထုတ်ပြန်ပြီးတဲ့နောက်မှာလည်း တရုတ် အင်တာနက် သုံးသူများကလည်း အသီးသီး ကဲ့ရဲ့ ပြစ်တင် ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ လူတစ်ချို့က၊ တာလတ်ပိုင်းကာလ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်အခါမှာ ပင့်စ်က ခုလို ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ လုပ်ဆောင် ပြောဆိုတာဟာ သူရဲ့ လုပ်ထုံး ပုံစံ မဟုတ်ဘူးလေလို့ ဆိုခဲ့သလို၊ တစ်ချို့ကတော့၊ ဒီအကြိမ် အမေရိကန် အစိုးရက လိပ်ပြာ မသန့် ဖြစ်နေတာကို ပြဆိုနေတယ်လို့ ဝေဖန် ထားတယ်။ နောက် တစ်ချို့ကလည်း၊ တရုတ်နိုင်ငံက သမ္မတ ထရန့်ကို လဲပစ်ချင်တယ်လို့ တောင် ပြောတာလား၊ ဒီအကြိမ် အမေရိကန် အစိုးရ စကား ပြောတာ အရမ်းကာရော လျှောက်ပြော နေတာပဲလို့ ကဲ့ရဲ့ ကြပါတယ်။

ပင့်စ်က၊ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကျွန်တော်တို့ပဲ တရုတ်ပြည်ကို ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့တယ်။ ပြီးခဲ့တဲ့ ၂၅ နှစ် တုန်းက ဆိုတာ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ် ကြားမှာ ဖြစ်တယ်။ အဲဒီတုန်းက တရုတ်နိုင်ငံဟာ ကားလမ်းရဲ့ မီးပွိင့် နေရာမှာ ရှိနေသလိုပဲ၊ ဘယ်လို ဖွံ့ဖြိုးရေး လမ်းကြောင်းကို ရွေးချယ် သင့်သလဲ ဆိုတာကို စဉ်းစားနေခဲ့တယ်။ အဲဒီတုန်းက တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်က ဒီလို စကား တစ်ခွန်း ပြောခဲ့တယ်၊ ဘယ်သူ မဆို ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်ရင် အိမ်ပြန်ပြီး အနားယူပါတဲ့။ ဒီတော့ တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနဲ့ ဈေးကွက် စီးပွါးရေး လမ်းကြောင်းအတိုင်း ချီတက်ဖို့ ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အဲဒီ တုန်းက အမေရိကန်နဲ့ အနောက်နိုင်ငံ တစ်ချို့ ကတော့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တာကြောင့် ဝမ်းသာအားရ ဖြစ်နေပြီး တစ်ချိန်တည်းမှာ "တရုတ်ပြည် ခြိမ်းခြောက်မှု" ရယ်လို့ ဖန်တီးပြီး ဆက်လက်ပြီး တရုတ်ပြည် ပြိုကျအောင် လုပ်ဆောင်ဖို့လည်း ကြံဆနေခဲ့တယ်။ ၁၉၉၂ ခုနှစ်က တရုတ်ပြည်ရဲ့ ဂျီဒီပီဟာ ယွမ် ဘီလီယံ ၂၇၂၀ ဖြစ်တယ်၊ ၂၀၁၇ ခုနှစ် ရောက်တဲ့အခါ ယွမ် ဘီလီယံ ၈၂၇၁၀ အထိ တိုးလာ ပါတယ်။ အဲဒီ အဆပေါင်း ၄၀ ဖြစ်တဲ့ တိုးတက်နှုန်းဟာ တရုတ်လူမျိုး ကြိုးပမ်း အားထုတ်ပြီး ရရှိလာခဲ့တာပဲ ဖြစ်တယ်။ တရုတ်လူမျိုးများဟာ နှစ် ထောင်ပေါင်းများစွာ ဖြစ်တဲ့ သမိုင်းစဉ် အတွင်း အကြိမ်ကြိမ်အဖန်ဖန် ကိုယ့်ကြိုးစားမှုနဲ့ ပြန်လည် ထူထောင် ခဲ့ဖူးတယ်၊ ဒါပေမယ့် ဘယ်တုန်းကမှ ပြင်ပ အင်အားကို အားကိုးပြီး ပြန်လည် ထူထောင်ခြင်း မရှိဖူးဘူး၊ ပြင်ပက ဘယ်အင်အားစု တစ်ခု မဆို ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်လည် ထူထောင်နိုင်စွမ်း ရှိတာလည်း မဟုတ်ဘူး။ တကယ်လို့ ဒီလောက် တိုတောင်းတဲ့အချိန်ကာလအတွင်း တရုတ်ပြည်ကို ပြန်လည် ထူထောင်နိုင်မယ် ဆိုရင်၊ ဒါနဲ့ အီရန်၊ အာဖဂမ်၊ ဆီးရီးယားတို့ကို ပြန်လည် ထူထောင်ဖို့ဟာလည်း အမေရိကန် အဖို့ ခက်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်ကြောင့် ဖြစ်တာတယ်လို့ ဆိုတာ၊ တရုတ်လူမျိုးများတော့ လက်ခံ သဘောတူမှာ မဟုတ်ဘူး။

   Webradio