• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟူချွင်းဟွာသည် ပထမ အကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲပြင်ဆင်ရေး လှုပ်ရှားမှုသို့တက်ရောက်

(GMT+08:00) 2018-10-10 14:50:07

ပထမ အကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲပြင်ဆင်ရေးလှုပ်ရှားမှုများကို ယခုလ ၉ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော် မတီ၊နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ် ဟူချွင်းဟွာ သည်သက်ဆိုင်ရာလှုပ်ရှားမှုများသို့တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ဟူချွင်းဟွာက ဥက္ကဌရှီကျင့်ဖိန်၏အရေးကြီးညွှန်ကြားချက်ကို လေ့လာပြီး ပါတီဗဟို ကော်မတီနှင့်နိုင်ငံတော်ကောင်စီ၏စီမံခန့်ခွဲမှုအတိုင်းလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ အဆက်မပြတ်ကြိုးစားပြီး ပြင်ဆင်မှုလုပ်ငန်းအရပ်ရပ်ကို တွန်းအားပေး၍ ပထမ အကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲအောင်မြင် စွာကျင်းပနိုင်ရန် အာမခံပေး ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio