• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သည် အမေရိကန်၏ တောင်ပင်လယ်၌ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည် မဟုတ်ဟု ဖိလစ်ပိုင် သမ္မတရုံး ဆို

(GMT+08:00) 2018-10-10 12:19:42

ဖိလစ်ပိုင် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ လော်ကာက၊ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန် ရေတပ်၏ နိုဝင်ဘာလတွင် တောင်ပင်လယ်နှင့် ထိုင်ဝမ် ရေလက်ကြား၌ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည် မဟုတ်ဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေက တရုတ်ပြည်အား ကတိပြု ပြောဆိုခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု တရုတ် ဂလိုဘယ် ဝက်ဘ်ဆိုဒ်မှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင် မီဒီယာမှ သတင်းအရ၊ ဖိလစ်ပိုင်သည် တရုတ် ခေါင်းဆောင်က နိုဝင်ဘာလ၌ ဖိလစ်ပိုင်သို့ ခရီးလှည့်လည်ရန် စောင့်မျှော်နေကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်သည် အောက်တိုဘာလ တတိယ ဆယ်ရက်ပိုင်းတွင် တရုတ်ပြည် ကျန့်ကျန်းမြစ်နှင့် အပြင်ပင်လယ်၌ ကျင်းပသော တရုတ်-အာဆီယံ ပင်လယ်ပြင် ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio