• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရမှ လှူဒါန်းပေးသော လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ အင်ဒိုနီးရှား သို့ ရောက်ရှိ

(GMT+08:00) 2018-10-10 10:04:15

တရုတ် အစိုးရမှ လှူဒါန်းပေးသော လူသားချင်းစာနာထောက်ထားမှုပစ္စည်းများကို သယ်ယူပို့ဆောင်သည့် ပထမစင်းလုံးငှါး လေယာဉ်သည် ဒေသစံတော်ချိန် အောက်တိုဘာလ ၉ရက်နေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလိလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ အင်ဒိုနီးရှား ဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးကြီး ဝမ်လိဖိန်၊ အင်ဒိုနီးရှား နိုင်ငံတော် ဘေးအန္တရာယ် ခုခံကာကွယ်ရေးရုံး ဥပဒေပူးပေါင်းဆောင်ရွက်ရေး ဗျူရို တာဝန်ခံ မေလာဒီယာစထရင်ဒါ နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဖရာယိုနိုတို့သည် နှစ်နိုင်ငံအစိုးရကိုယ်စား လေဆိပ်၌ ပစ္စည်းများကို လွှဲပြောင်းခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း စူလာဝေစီပြည်နယ်တွင် ရစ်ခ်ျတာစကေး ၇.၄အဆင့် အင်အားပြင်း ငလျင် နှင့် ငလျင် ဒီလှိုင်း ဖြစ်ပွားခဲ့သောကြောင့် အင်ဒိုနီးရှားအစိုးရ၏စာရင်းအရ အောက်တိုဘာလ ၉ရက်နေ့အထိ လူ ၂၀၁၀ သေဆုံးပြီး ၈၃၀၀၀နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင် လျက်ရှိကြောင်း၊ ယခုအထိ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio