• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ရန်သူ မဟုတ်

(GMT+08:00) 2018-10-10 09:57:23

မကြာခင်က အမေရိကန် ဒုသမ္မတ ပင်စ်ဟာ မိန့်ခွန်း ပြောကြားပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းပြည်ပရေးရာ ပေါ်လစီများကို အကြောင်းမဲ့ ပြစ်တင် ပြောဆိုခဲ့ပါတယ်။ တရုတ် အစိုးရဟာ ဒါကို ပြင်းပြင်းထန်ထန် ချေပခဲ့ပြီး၊ ပင်စ်ရဲ့ စကားဟာ အကြောင်းမရှိ အကြောင်းရှာ၊ အထောက်အထား ကင်းမဲ့စွာ မဟုတ်မမှန် ပြောဆိုတာပဲ ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေကလည်း ပင့်စစ်ရဲ့ ပြောဆိုချက်ကို သည်းခံနိုင်ခြင်း မရှိတော့ဘဲ၊ အမေရိကန်မှ ပထမဦးဆုံးသော အာဖရိက မျိုးနွယ် နိုင်ငံခြားရေး ဝန်ကြီး ပေါ်ဝယ်၊ ပထမဦးဆုံးသော အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဘရိုက်တို့က အမေရိကန် စီအန်အန် နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ၊ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ရန်သူ မဟုတ်ဘူး၊ အမေရိကန်ဟာ တရုတ်ပြည်နဲ့ စစ်အေးတိုက်ပွဲ မပြုလုပ်သင့်ဘူးလို့ ရှင်းလင်းပြတ်သားစွာ သဘောထား ဖေါ်ပြခဲ့ကြပါတယ်။

ဘရိုက်က၊ တရုတ်နိုင်ငံဟာ ရှင်သန်နေဆဲ နိုင်ငံကြီး ဖြစ်တယ် ဆိုတာ မငြင်းသာဘူး။ အဲဒါဟာ တရုတ်ပြည် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ယနေ့ခေတ် တရုတ်ပြည်သူများရဲ့ ကြိုးပမ်းဆောင်ရွက်မှု ရလဒ် ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ကြည့်ရင် အမေရိကန်က ထမ်းဆောင် သင့်တဲ့ နိုင်ငံတကာဆိုင်ရာ ဝတ္တရားများကို မထမ်းဆောင်နိုင်တာကြောင့် ဖြစ်စေတဲ့ ရလဒ်လည်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပေါ်ဝယ်ကလည်း၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ အမေရိကန်ကို မနည်းတဲ့ ကောင်းကျိုးများ ဆောင်ကျဉ်းပေးတယ်၊ ဈေးနှုန်း သက်သာပြီး အရည်အသွေး ကောင်းမွန်တဲ့ တရုတ်လုပ် ကုန်ပစ္စည်းများဟာ အမေရိကန် ပြည်သူများရဲ့ လိုအပ်ချက်ကို ဖြည့်စွက်နိုင်ခဲ့ပါတယ်။ အခု အမေရိကန်က တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်တာဟာ အမေရိကန် စားသုံးသူများရဲ့ အကျိုးစီးပွါးကို ထိခိုက်နေတယ်။ တရုတ် ပညာတော်သင် ၃ သိန်းကျော်တို့ဟာ အမေရိကန်ရဲ့ တက္ကသိုလ်များအား စာသင်ခ ရာနှုန်းပြည့် ပေးဆောင်တယ်၊ ဒါပေမဲ့ အိမ်ဖြူတော်မှ လူတစ်ချို့က တရုတ် ပညာတော်သင်များကို နှင်ထုတ်ဖို့ တောင် အဆိုပြုချက် တင်တယ်၊ တက္ကသိုလ် ကျောင်းအုပ်ကြီး အများစုက သဘောတူမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အမေရိကန် တတ်သိပညာရှင်များအဖွဲ့ ဝီစင် စင်တာ တည်ထောင်တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အထမ်းအနားမှာ၊ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုအတွက် များစွာ အကျိုးဆောင်ပေးခဲ့ဖူးတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကစ်စင်ဂါက၊ ကျွန်တော်က တရုတ်နိုင်ငံကို နိုင်ငံတကာ စည်းစနစ် တည်ဆောက်ရေးဆိုင်ရာ ကိန်းအောင်းထားတဲ့ မိတ်ဖက် အဖြစ် သဘော ထားပါတယ်။ သို့မဟုတ်ပါက ကမ္ဘာကြီးဟာ အငြင်းပွါးမှုတွေထဲကို နစ်မြုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ကမ္ဘာ့ ဒေသအရပ်ရပ်မှာ မိတ်ဖက်များ ရှာကြံပြီး တရုတ်နိုင်ငံနဲ့ ရန်ငြိုး မထားသင့်ဘူး။ တရုတ်နဲ့ အမေရိကန်တို့ဟာ အပြန်အလှန် အတုယူသင့်တယ်၊ အပြန်အလှန် အတုယူဖို့ လိုအပ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

   Webradio