• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ရှေ့ပြေး အမျိုးအစားသစ် ပင်မမီဒီယာကို အစွမ်းကုန် တည်ထောင်

(GMT+08:00) 2018-09-27 08:19:28

တရုတ် ဗဟိုရုပ်မြင်သံကြား ဌာန တည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့်နှင့် တရုတ် ရုပ်မြင်သံကြားလုပ်ငန်း တည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အခါသမယတွင်၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် ရုပ်မြင်သံကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိသော ပြောင်မြောက်သည့် အောင်မြင်မှုများကို မြင့်မားစွာ ချီးကျူးပြီး၊ ဗဟို မီဒီယာ အုပ်စု ဖွဲ့စည်းတည်ထောင်ခဲ့သည့်နောက်ပိုင်း ရရှိသော အောင်ကျိုးရလဒ်များကို အတည်ပြု ချီးကျူးကာ၊ တရုတ် အသံလွှင့်၊ ရုပ်မြင်သံကြားလုပ်ငန်း အခန်းကဏ္ဍသစ် ဖွင့်လှစ်ရေး ဆိုင်ရာ မှာကြားချက်များကို တင်ပြထားပါသည်။

လွန်ခဲ့သည့်နှစ် ၆၀ အတွင်း တရုတ် ရုပ်မြင်သံကြားလုပ်ငန်း၏ ပင်မဌာန အနေနှင့် ဗဟိုရုပ်မြင်သံကြားဌာနသည် ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်ပြီး တရုတ်ပြည် ရုပ်မြင်သံကြားလုပ်ငန်းနှင့် မီဒီယာ လုပ်ငန်း၏ မွန်မြတ်သော အခန်းကဏ္ဍကို ဖွင့်လှစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၆၀ အတွင်း တရုတ် ရုပ်မြင်သံကြားလုပ်ငန်း၏ အောင်မြင်မှုမှာ ရုပ်မြင်သံကြား ဝန်ထမ်း တစ်ရပ်လုံး၏ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။

မွန်မြတ်သော တာဝန်ကို ထမ်းဆောင်ပြီး ခေတ်ရေစီးကြောင်း၌ ရပ်တည်နေပါသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အားကောင်းသော ရှေ့ဆောင်လမ်းပြစွမ်းအား၊ မီဒီယာ ထုတ်လွှင့် စွမ်းအားနှင့် သြဇာညောင်းမှု ရှိသည့် ကမ္ဘာ့ ရှေ့ပြေး အမျိုးအစားသစ် ပင်မ မီဒီယာ ဖြစ်အောင် တည်ထောင်ရန် မှာကြားပါသည်။ ယခုနှစ် မတ်လတွင် ဗဟို မီဒီယာ အုပ်စု ဖွဲ့စည်းတည်ထောင်ခြင်းသည် ယင်းရည်မှန်းချက် ဖေါ်ဆောင်ရန်နှင့် တရုတ် အသံလွှင့် ရုပ်မြင်သံကြားလုပ်ငန်း တစ်ဆင့်တိုး တိုးမြင့်ရေးအတွက် သမိုင်းပေး အခွင့်အလမ်းကို ဖန်တီးပေးလိုက်ပါသည်။

မီဒီယာလုပ်ငန်း၏ နိုင်ငံတော်အဆင့် လုပ်ငန်းဌာနနှင့် အသံလွှင့် ရုပ်မြင်သံကြား လုပ်ငန်း၏ ဦးစီး ရှေ့ပြေး ဌာန အနေနှင့် ဗဟို မီဒီယာ အုပ်စုသည် နိုင်ငံရေး နယ်ပယ်တွင် အမြင့်ဆုံးစံချိန်စံနှုန်းကို စွဲကိုင်ရမည် ဖြစ်ပြီး ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော အတွေးအခေါ်ကို ဘက်စုံ ဇောက်ချ ဝါဒဖြန့်ရမည် ဖြစ်ပါသည်။

ဗဟို မီဒီယာအုပ်စု ဖွဲ့စည်းတည်ထောင်ခြင်းသည် တရုတ်ပြည် အသံလွှင့် ရုပ်မြင်သံကြားလုပ်ငန်း၏ အစပျိုးရာသစ် အမှတ်လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ ဗဟို မီဒီယာ အုပ်စုသည် ပြည်သူများကို ဗဟိုအဖြစ် ထားပြီး တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်မည် ဖြစ်ပါသည်။ သမားရိုးကျ မီဒီယာနှင့် ထွန်းသစ်စ မီဒီယာများကို တပြိုင်တည်း ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတကာ မီဒီယာ ထုတ်လွှင့်စွမ်းအားကို အားသစ်လောင်းပေးမည် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးကို တွန်းအားပေးပြီး၊ အားကောင်းသော ရှေ့ဆောင်လမ်းပြစွမ်းအား၊ မီဒီယာ ထုတ်လွှင့် စွမ်းအားနှင့် သြဇာညောင်းမှု ရှိသည့် ကမ္ဘာ့ ရှေ့ပြေး အမျိုးအစားသစ် ပင်မ မီဒီယာ ဖြစ်အောင် တည်ထောင်ဖို့ ရည်မှန်းချက် ဖေါ်ဆောင်ရန်အတွက် ကြိုးပမ်း ချီတက်သွားမည် ဖြစ်ပါသည်။

   Webradio