• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"အကျိုးစီးပွားဆိုင်ရာ ပိုငွေပြမှု"ရရှိသော အမေရိကန် မည်သည့် နစ်နာမှု ရှိနေသလဲ

(GMT+08:00) 2018-09-26 15:24:08

လွန်ခဲ့သည့် နှစ်ဝက် အတွင်း တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး အထစ် အငေါ့သည် အဆက်မပြတ် အရှိန်မြင့်လာကြောင်း၊ တရုတ်ပြည် အပေါ် အမေရိကန်၏ ကုန်သွယ်မှုတွင် အလွန်ကြီးမားသည့် လိုငွေပြမှု ရှိပြီး နစ်နစ်ဆုံးရှုံးမှု ရှိသည်၊ အမေရိကန်က ဖော်ပြကြောင်း၊ ယင်းသည် ကနေဒါ၊ မက္ကဆီကို၊ ဥရောပ သမဂ္ဂနှင့် ဂျပန် စသည့် အဓိက ကုန်သွယ်ဖက်များမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အမေရိကန်မှ အခွန်တိုးကောက် သည့်အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု အမေရိကန်က ဖော်ပြကြောင်း၊ အကယ်၍ တရုတ်ပြည် အပေါ် အမေရိကန်မှ ကုန်သွယ်မှုတွင် နစ်နာဆုံးရှုံးမှု ခံရခြင်းဟူသော အမေရိကန်မှ ပြောဆိုချက်သည် အဖြစ်မှန်နှင့် မကိုက်ညီကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတကာ ကုန်သွယ်ရေး ဆွေးနွေးပွဲ ကိုယ်စားလှယ် ဖူဇိယင့်က ကုန်သွယ်မှု ကွာဟငွေသည် အရှုံးနှင့်အမြတ် ပမာဏမဟုတ်ဘဲ ရောင်းဝယ်မှု ပမာဏ ဆိုင်ရာ ကွာဟမှုပင် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်မှုတွင် အမေရိကန်သည် ဆုံးရှုံးနစ်နာမှု မရှိကြောင်း၊ ယင်းကို ကုမ္ပဏီများနှင့် သုံးစွဲသူများ သိရှိကြသည်ဟု ယခုလ ၂၅ရက်နေ့က ပီကင်းတွင် ပြောကြားကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် ကုမ္ပဏီများမှ ရရှိသော အကျိုးအမြတ်သည် တရုတ် ကုမ္ပဏီများထက် များစွာ ပိုများကြောင်း၊ တရုတ်ပြည်တွင် ကုန်သွယ်မှု ပိုငွေပြမှုကို တွေ့ရသော်လည်း အမေရိကန်တွင် "အကျိုး စီးပွား ဆိုင်ရာ ပိုငွေပြမှု"ကို တွေ့နိုင်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်တွင် "အကျိုးစီးပွားဆိုင်ရာ ပိုငွေပြမှု"သည် တရုတ်-အမေရိကန် နှစ်ဖက် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု အတွက် အဖြစ်မှန် ဖော်ပြချက် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ခန့်အတွင်း တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့၏ စီးပွားရေးသည် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ပြီး အပြန်အလှန် မှီခိုအားထားရကြောင်း၊ နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၇၀၀ရှိကြောင်း၊ တရုတ်ပြည်တွင် အမေရိကန် ကုမ္ပဏီများ၏ နှစ်စဉ် ရောင်းချမှု ပမာဏမှာလည်း ကန်ဒေါ်လာ ဘီလီယံ ၇၀၀ရှိပြီး အမြတ်ငွေ ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော်ရှိသည်ဟု သက်ဆိုင်ရာ စာရင်းအရ သိရကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာ့ industry chainတွင် မတူခြားနားသည့် အဆင့်နေရာတွင် ရှိနေကြောင်း၊ အမေရိကန်သည် ထိပ်တန်းနေရာတွင် ရှိကြောင်း၊ တရုတ်ပြည်ကမူ အလယ်တန်းနှင့် အနိမ့်တန်းနေရာတွင် ရှိကြောင်း၊ များသောအားဖြင့် တရုတ် ကုမ္ပဏီများသည် အချောကိုင် လုပ်ငန်းနယ်ပယ်မှ အမြတ်ငွေ ရရှိကြောင်း၊ အမေရိကန် ကုမ္ပဏီကမူ ကုန်ပစ္စည်း ဒီဇိုင်းရေးဆွဲခြင်း၊ အပိုပစ္စည်း ထောက်ပံ့ပေးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းစသည့် နယ်ပယ်များတွင် အလွန်များပြားသည့် အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ ဥပမာပြောရမည် ဆိုလျှင် iphoneကို အမေရိကန်တွင် ဒီဇိုင်းရေးဆွဲပြီး တရုတ်ပြည်တွင် ထုတ်လုပ်ကာ တစ်ကမ္ဘာလုံးတွင် ရောင်းချကြောင်း၊ Appleကုမ္ပဏီ ထုတ်လုပ်မှုကို အမေရိကန်သို့ လုံးဝ ပြောင်းရွှေ့ပါက ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၃၇ရာခိုင်နှုန်း တိုးလာမည်ဟု ၂၀၁၈ခုနှစ် အမေရိကန် Goldman Sachs ကုမ္ပဏီ အုပ်စုမှ လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြကြောင်း စီအာအိုင်က ဖော်ပြသည်။

အရည်အသွေးကောင်းမွန်ပြီး ဈေးသက်သာသည့် တရုတ် ကုန်ပစ္စည်းများကို အမေရိကန် ဈေးကွက်တွင် ဝယ်ယူရရှိခြင်းသည် အမေရိကန် စားသုံးသူများ၏ ရွေးချယ်မှုကို တိုးပွားစေပြီး ၄င်းတို့၏ နေထိုင်မှု စရိတ်ကို လျော့နည်းစေကာ အမေရိကန် ပြည်သူများ၊ အထူးသဖြင့် ဝင်ငွေ အသင့်အတင့်ရရှိသူနှင့် ဝင်ငွေနည်းပါးသူများ၏ ဝယ်ယူနိုင်စွမ်းကို တိုးမြှင့်ကြောင်း၊ အမေရိကန် ကုန်သွယ်ရေး ပြည်လုံးဆိုင်ရာ ကော်မတီမှ လေ့လာမှုတွင် ၂၀၁၅ခုနှစ်တွင် တရုတ်-အမေရိကန် ကုန်သွယ်မှုသည် ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စု တစ်ခု အတွက် နေထိုင်မှု စရိတ် အမေရိကန် ဒေါ်လာ ၈၅၀ကို သက်သာစေသည်ဟု ဖော်ပြကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်ပြည် အနေနှင့် ကမ္ဘာပေါ်တွင် အလွန်ကြီးမားပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် နေသောဈေးကွက် တစ်ခု ဖြစ်၍ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုသည် အမေရိကန် ကုမ္ပဏီများ အတွက် စီးပွားရေး အခွင့်ကောင်းများစွာကို ဖန်တီးပေးကြောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး ပြည်လုံးဆိုင်ရာ ကော်မတီမှ ၂၀၁၇ခုနှစ် အမေရိကန် ပြည်နယ်များမှ တရုတ်ပြည်သို့ ပို့ကုန် အစီရင်ခံစာတွင် ပျမ်းမျှအားဖြင့် ၂၀၁၇ခုနှစ်၌ အမေရိကန် လယ်သမား တစ်ဦးသည် တရုတ်ပြည်သို့ ကန်ဒေါ်လာ ၁သောင်းကျော်ဖိုးရှိသော ကုန်ပစ္စည်းများကို တင်ပို့ရောင်းချသည်ဟု ဖော်ပြကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ စာရင်းတွင် အမေရိကန် GM မော်တော်ယာဉ် ကုမ္ပဏီသည် တရုတ်ပြည်တွင် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီ ၁၀ခုရှိပြီး တရုတ်ပြည်တွင် ထုတ်လုပ်မှု ပမာဏသည် တစ်ကမ္ဘာလုံးတွင် GM၏ စုစုပေါင်း ထုတ်လုပ်မှု ပမာဏ၏  ရာခိုင်နှုန်း ၄၀ရှိကြောင်း၊ တရုတ်ပြည်တွင် အမေရိကန် Qualcomm ကုမ္ပဏီ၏ ချစ်(ပ်)ပြား ရောင်းချမှု ပမာဏနှင့် ပညာမူပိုင်ခွင့် စရိတ် ဝင်ငွေ ပမာဏသည် ၄င်းကုမ္ပဏီ စုစုပေါင်း ဝင်ငွေ ပမာဏ၏ ၅၇ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြကြောင်း စီအာအိုင်က ဖော်ပြသည်။

လွတ်လပ်သော ကုန်သွယ်ရေး၏ အနှစ်သာရသည် တစ်ဦးက ဝယ်လိုပြီး နောက်တစ်ဦးက ရောင်းချလိုခြင်းပင် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် ပိုမိုများပြားသော တရုတ် ကုန်ပစ္စည်းများကို ဝယ်ယူခြင်းကြောင့် ပိုမိုများပြားသော ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု ဖြစ်ပေါ်လာခြင်းမှာ သဘာဝကျကြောင်း၊ အကြောင်းရင်းမှာ အတင်းအကျပ် ဝယ်ယူခြင်းနှင့် အတင်းအကျပ် ရောင်းချခြင်းကြောင့် မဟုတ်ဘဲ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ စီးပွားရေး ဖွဲ့စည်းပုံနှင့် နိုင်ငံတကာ လုပ်ငန်း တာဝန် ခွဲဝေခြင်း စသည်များကြောင့် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်စွမ်းသည် လုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း အပေါ်တွင် မူတည် ကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် လုပ်ငန်း နယ်ပယ်တွင် ပို့ကုန် ပိုများတတ်ကြောင်း၊

အမေရိကန်သည် မော်တော်ယာဉ်၊ လေယာဉ်၊ လယ်ယာထွက်ကုန်၊ ဝန်ဆောင်မှု စသည့် အားသာချက်ရှိသော လုပ်ငန်းနယ်ပယ်တွင် တရုတ်ပြည် အပေါ် ကြီးမားသည့် ပိုငွေပြမှု တလျှောက်လုံး ရှိကြောင်း၊ ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်မှုတွင် အမေရိကန်သည် တရုတ် ပြည် အပေါ် ပိုငွေပြမှု ပမာဏမှာ ကန်ဒေါ်လာ ၅၄ဘီလီယံ ရှိသည်ဟု သက်ဆိုင်ရာ စာရင်းအရ သိရကြောင်း စီအာအိုင်က ဖော်ပြသည်။

အကယ်၍ တရုတ်-အမေရိကန် ကုန်သွယ်ရေး မညီမျှမှုသည် တရုတ်ပြည် အပေါ် အမေရိကန်မှ ကျင့်သုံးသည့် ထိန်းကြပ်မှုနှင့်လည်း ပတ်သက်ကြောင်း၊ တရုတ်ပြည် အပေါ် အရပ်ဘက်သုံး အဆင့်မြင့် နည်းပညာ ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှု ကန့်သတ်ချက်ကို လျှော့ပေါ့စေမည် ဆိုလျှင် တရုတ်ပြည် အပေါ် အမေရိကန်၏ ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု  ပမာဏသည် ၃၅ရာခိုင်နှုန်း လျော့နည်းစေနိုင်မည် ဖြစ်သည်ဟု အမေရိကန် သက်ဆိုင်ရာ လုပ်ငန်းဌာနမှ ခန့်မှန်းရကြောင်း စီအာအိုင်က ဖော်ပြသည်။

အကယ်၍ တရုတ်နှင့် အမေရိကန်၏ စီးပွားကုန်သွယ်မှု ဆိုင်ရာ အကျိုးအမြတ် ရရှိခြင်းသည် အကြမ်းဖျင်းအားဖြင့် ညီမျှကြောင်း၊ အမေရိကန်၏ အသားတင် ဝင်ငွေ ပိုများကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးမှ "အကျိုးစီးပွား ပိုငွေပြမှု" ရရှိသော အမေရိကန်၏ "အမေရိကန် ဆုံးရှုံးနစ်နာမှု ခံရခြင်း" ပြောဆိုချက်သည် အထောက်အထား မရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio