• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဲဒီစက္ကူဖြူစာတမ်းဟာ တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး အငြင်းပွါးမှုရဲ့ အရင်းခံ အကြောင်းကို စုံလင်ဖေါ်ပြထားတယ်

(GMT+08:00) 2018-09-25 08:21:51

ဒီလ ၂၄ ရက်နေ့ဟာ တရုတ် ရိုးရာ လမုန့်ပွဲတော်နေ့ ဖြစ်တယ်။ အဲဒီနေ့မှာပဲ တရုတ်နိုင်ငံဟာ "တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်ရေး အငြင်းပွါးမှုရဲ့ အဖြစ်မှန်နဲ့ တရုတ်ပြည်ရဲ့ ရပ်တည်ချက်သဘောထား" စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့တယ်။ စက္ကူဖြူစာတမ်းထဲမှာ၊ တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အပြန်အလှန် အကျိုးရှိစေရေး လိုရင်းသဘောကို သုံးသပ်ထားပြီး၊ အမေရိကန်ရဲ့ ၃၀၁ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ တရုတ်ပြည် အပေါ် မဟုတ်မမှန် အပြစ်တင် ပြောဆိုချက်နဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ရှင်းလင်း ဖေါ်ပြကာ တရုတ်နဲ့ အမေရိကန် စီးပွါး ကုန်သွယ်ရေး အပေါ် တရုတ်ပြည်ဘက်ရဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းပြောကြားပါတယ်။

အမေရိကန်အစိုးရက ဆန့်ကျင် ကန့်ကွက်တဲ့ လူအများစုကြီးရဲ့ သဘောထားကို လျစ်လျူရှုပြီး ကုန်သွယ်ရေး စစ်ပွဲ ပိုမို ပြင်းထန် ဆိုးရွားလာအောင် လုပ်ဆောင်ကာ၊ ကမ္ဘာ့ စီးပွါးရေး နာလန်ပြန်ထူရေးကို ပိုမို ပြင်းထန်စွာ ထိခိုက် ဂယက်ရိုက်ခတ်နေတဲ့ ခုလို အချိန်အခါမှာ တရုတ်အစိုးရက ဒီစက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး စီးပွါးကုန်သွယ်ရေး အငြင်းပွါးမှုရဲ့ အရင်းခံ အကြောင်းကို ဖေါ်ပြထားပါတယ်။ အဲဒါဟာ နိုင်ငံတကာ မိသားစုကြီးက ကုန်သွယ်ရေးစစ်ပွဲရဲ့ အကြောင်းရင်းကို ပကတိကျပြီး ဆင်ခြင် နားလည် သိရှိနိုင်ဖို့၊ တရုတ်ပြည်ဘက်ရဲ့ တရုတ်-အမေရိကန် အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ အငြင်းပွါးမှု စီမံ ထိန်းချုပ်ရေး ဆိုင်ရာ ခံယူ တိုက်တွန်းချက်များ နားလည်သိရှိနိုင်ဖို့အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

စက္ကူဖြူစာတမ်းမှာ ဘက်သုံးဘက်မှနေပြီး အချက်များကို ပြသနေပါတယ်။

ပထမ အချက် အနေနဲ့ တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု အဖြစ်မှန်များကို ရှင်းလင်းဖေါ်ပြထားပြီး အမေရိကန်ရဲ့ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးနဲ့ ဗိုလ်ကျစိုးမိုးရေး ဆောင်ရွက်မှုနဲ့ အဲဒါတွေကြောင့် ဖြစ်စေနိုင်မယ့် ဘေးအန္တရာယ်များကို သုံးသပ်ထားပါတယ်။

အမေရိကန်က တရုတ်ပြည်ကို ရည်စူးပြီး ကုန်သွယ်ရေး အငြင်းပွါးမှုကို လှုံ့ဆော် ပြုလုပ်ရာမှာ အဓိက အကြောင်းပြချက် တစ်ခုကတော့ နှစ်ဖက် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုမှာ တရုတ်နိုင်ငံက အချောင်နှိုက်ပြီး အမေရိကန်နိုင်ငံက နစ်နာတယ် ဆိုတာ ဖြစ်တယ်။ စက္ကူဖြူစာတမ်းမှာ နှစ်ဖက် ကုန်စည် ကူးသန်းရောင်းဝယ်မှု၊ ဝန်ဆောင်မှု ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး စတဲ့နယ်ပယ်များမှ ဂဏန်းနဲ့ အချက်အလက်များစွာနဲ့ နှစ်ဖက် စီးပွါးကုန်သွယ်မှုဟာ အပြန်အလှန် အကျိုးရှိစေတာ ဖြစ်ကြောင်းနဲ့ အမေရိကန်က နစ်နာတယ် ဆိုတာ မတည်ရှိကြောင်းကို သက်သေထူပြ ရှင်းလင်းဖေါ်ပြထားပါတယ်။ တစ်ချိန်တည်းမှာ အမေရိကန်ရဲ့ ၃၀၁ စုံစမ်းစစ်ဆေးမှုထဲမှာ တရုတ်ပြည်အား မဟုတ်မမှန် အပြစ်တင် ပြောဆိုခြင်းကိုလည်း အထောက်အထား ထင်ရှားစွာနဲ့ ချေပလိုက်ပါတယ်။

ဒုတိယအချက် အနေနဲ့ စက္ကူဖြူစာတမ်းထဲမှာ တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်မှု ပြဿနာနဲ့ နိုင်ငံတကာ ဆက်ဆံမှု အပေါ် တရုတ်နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်များကို ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အမြုတေကျ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ခြင်း၊ တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်မှု ပုံမှန် တိုးတက်ရေးကို ပြတ်ပြတ်သားသား တွန်းအား ပေးခြင်း၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ် တွန်းအား ပေးခြင်း၊ မူပိုင်ခွင့်နှင့် ပညာ မူပိုင်ခွင့်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များရဲ့ တရုတ်ပြည်မှာ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ပြတ်ပြတ်သားသား ဇောက်ချ တိုးချဲ့ ပြုလုပ်ခြင်း အပါအဝင် နယ်ပယ် ၈ ခုမှနေ ဘက်စုံ ရှင်းလင်းဖေါ်ပြထားပါတယ်။

တတိယ အချက် အနေနဲ့ တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်ရေး အငြင်းပွါးမှုကို တရားနည်းလမ်းကျစွာ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းကို တင်ပြထားပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွါးရေး ဖွံ့ဖြိုးမှု အဆင့်ကာလနဲ့ စီးပွါးရေး စနစ်ဟာ မတူခြားနား ဖြစ်သဖြင့် အငြင်းပွါးမှု တည်ရှိခြင်းဟာ ပုံမှန်တာ ဖြစ်တယ်။ သော့ချက်ကျ ကိစ္စ ကတော့ အပြန်အလှန် ယုံကြည်မှုကို ဘယ်လို တိုးမြှင့်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို တိုးမြှင့်ဖို့နဲ့ သဘောကွဲလွဲမှုများကို ဘယ်လို စီမံ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ တရုတ်ပြည်ဘက်ရဲ့ စေ့စပ်ဆွေးနွေးပွဲ တံခါး အစဉ်တစိုက် ဖွင့်ထားတယ်၊ ဒါပေမဲ့ စေ့စပ်ဆွေးနွေးပွဲရဲ့ ကြိုတင်သတ်မှတ်ချက် ကတော့ အပြန်အလှန် လေးစားရေး၊ တန်းတူရည်တူ ဖြစ်ရေးနဲ့ ကတိသစ္စာ ရှိရေးတို့ ဖြစ်ရမှာ ဖြစ်ပြီး အခွန် တိုးကောက်ခြင်း ခြိမ်းခြောက်မှု အောက်မှာ ပြုလုပ်လို့ မရသလို တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးမှုကို စွန့်လွှတ်ဖို့နဲ့ ခြွင်းချက် ထားလို့လည်း မရဘူးလို့ စက္ကူဖြူစာတမ်းထဲမှာ ဖေါ်ပြထားပါတယ်။

   Webradio