• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရေတပ် သင်္ဘော ဗင်နီဇွဲလားသို့ ပထမဆုံးအကြိမ် ခရီးလှည့်လည်

(GMT+08:00) 2018-09-24 11:05:37

    တရုတ်ရေတပ်မှ "ငြိမ်းချမ်းရေး သင်္ဘော"ဟု အမည်တွင်သည့် ဆေးဝါးကုသရေး သင်္ဘောသည် ဒေသစံတော်ချိန် ယခုလ ၂၂ရက်နေ့ညက လာဂွါအီရာ ဆိပ်ကမ်းသို့ ရောက်ရှိပြီး ဗင်နီဇွဲလားနိုင်ငံတွင် ၈ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်လှည့်လည် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

    ယင်းသည် ဗင်နီဇွဲလားတွင် တရုတ် ရေတပ် သင်္ဘော၏ ပထမဆုံးအကြိမ် ခရီးလှည့်လည်ခြင်း ဖြစ်ပြီး ဗင်နီဇွဲလားသည် ငြိမ်းချမ်းရေး သင်္ဘော ခရီးလှည့်လည်သည့် ၃၈ခုမြောက် နိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။

   Webradio