• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်-အီရတ် စစ်ပွဲ ဖြစ်ပွားခဲ့သည့် ၃၈နှစ်ပြည့် ဗိုလ်ရှုခံပွဲတွင် တိုက်ခိုက်မှု ဖြစ်ပွား၊ လူ၂၄ဦး သေဆုံး

(GMT+08:00) 2018-09-23 16:35:12

ယခုလ ၂၂ရက်နေ့က အီရန် တောင်ပိုင်း ကူဇီစတန် ပြည်နယ် အာဟ်ဗာဇ် မြို့တော်တွင် ကျင်းပသော အီရန်-အီရတ် စစ်ပွဲ ဖြစ်ပွားခဲ့သည့် ၃၈နှစ်ပြည့် ဗိုလ်ရှုခံပွဲတွင် လက်နက်ကိုင် ၄ဦးသည် သေနတ်ဖြင့် တိုက်ရိုက်ခြင်းကြောင့် အရပ်သူ အရပ်သား အပါအဝင် လူ ၂၄ဦး သေဆုံးပြီး ၅၃ဦး ဒဏ်ရာရရှိကြောင်း၊ ၄င်းလက်နက်ကိုင် ၄ဦးတွင် ၂ဦးကို ပစ်သတ်ပြီး ၂ဦးကို ဖမ်းဆီးခဲ့ရကြောင်း၊ ကူဇီစတန် ပြည်နယ်ရှိ အမျိုးသား ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့သည် ၄င်းတိုက်ခိုက်မှုကို ပြုလုပ်သည်ဟု ကြေညာခဲ့ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio