• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသည် အီဂျစ်အပါအဝင် မြောက်အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည်

(GMT+08:00) 2018-09-21 15:22:30

၂ရက်ကြာကျင်းပသောဥရောပသမဂ္ဂဇာလ်ဇ်ဘက်အလွတ်သဘောထိပ်သီးအစည်းအဝေးကို ယခုလ ၂၀ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်အစည်းအဝေးပြီးနောက် ဥရောပ     ကောင်စီဥက္ကဋ္ဌတူစ်က်သည် ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ ရန်ကေ ဥရောပသမဂ္ဂအလှည့်ကျ သဘာပတိ ဩစတြီးယားဝန်ကြီးချုပ်ကူလ်ဇ်တို့နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရာ၊ ကောင်စီဥက္ကဋ္ဌတူစ်က်က ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းနေထိုင်သူများနှင့် စီးပွားရေးစသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး အီဂျစအပါအဝင် မြောက်အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည်ဖြစ်ကြောင်း  ပြောကြားသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio