• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန်တို့ အပြန်အလှန်ယုံကြည်မှုထားရှိဖို့လိုသည်ဟု ချွေးထျန်းခိုင်ဆို

(GMT+08:00) 2018-09-21 14:36:54

အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချွေးထျန်းခိုင်က ယမန်နေ့ ၂၀ ရက်နေ့ညက ကျင်းပခဲ့သော နိုင်ငံခြားရောက်တရုတ်အနွယ်ဖွားပညာရှင်များဧည့်ခံပွဲတွင် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံတို့အကြား သဘောကွဲလွဲမှုရှိခြင်းသည် သာမန်ကိစ္စရပ်ဖြစ် ကြောင်း၊ နှစ်ဖက်တို့သည် အထင်အမြင်လွဲမှားမှုများကို မရှိစေရန်အတွက် အပြန်အလှန် သိရှိနားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို ထားရှိခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးရန်လိုကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

 

   Webradio