• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုရီးယား-အမေရိကန်နှစ်ဖက် လျင်မြန်စွာ ဆွေးနွေးရန် တရုတ် ထောက်ခံပြီး မျှော်လင့်

(GMT+08:00) 2018-09-21 10:05:27

        မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ခေါင်းဆောင်များသည် ယခုလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး စက်တင်ဘာလ ပြုံယမ်း ပူးတွဲကြေညာစာတမ်းကို ချုပ်ဆိုခဲ့သည်။ အမေရိကန်သမ္မတ ထရန့်က ၄င်းသည် မကြာမီတွင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ပြောကြားပြီး အမေရိကန်ဘက်ကလည်း အမေရိကန်နိုင်ငံသည် အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံမှုကို ပြောင်းလဲစေရန်အတွက် စေ့စပ် ဆွေးနွေးပွဲတွင် အမြန်ဆုံး ပါဝင်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ကြေညာသည်။ ယင်းနှင့်ပတ်သက်ပြီး မြောက်ကိုရီးယား-အမေရိကန်နှစ်ဖက်တို့သည် လျင်မြန်စွာ ဆက်ဆံဆွေးနွေးရန် တရုတ်ပြည်ဘက်က ထောက်ခံပြီး မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio