• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စက်မှုနှင့်ကုန်သွယ်မှု၊ ငွေကြေး၊ တတ်သိပညာရှင်၊ မီဒီယာပုဂ္ဂိုလ်များနှင့် ဆွေးနွေး

(GMT+08:00) 2018-09-21 09:44:53

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက ထျဲန်ကျင်း ဒါဗို့စ် ဖိုရမ်၌ စက်မှုနှင့်ကုန်သွယ်မှု၊ ငွေကြေး၊ တတ်သိပညာရှင်၊ မီဒီယာပုဂ္ဂိုလ်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ဆွေးနွေးရာတွင် လီခေ့ချန်က၊ နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းသည် ကမ္ဘာ့ နိုင်ငံအများစုကြီးနှင့် အတူ တိုင်ပင်ဆွေးနွေးပြီး နှစ်ပေါင်းများစွာ အကောင်အထည် ဖေါ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းစည်းကမ်း၏ အခြေခံမှာ လွတ်လပ်စွာ ကုန်သွယ်ရေးကို ထိန်းသိမ်းရခြင်းပင် ဖြစ်ကြောင်း၊ မျက်မှောက် အခြေအနေတွင် နိုင်ငံများစွာတို့သည် နိုင်ငံချင်း လွတ်လပ်စွာ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ် နေသော်လည်း နိုင်ငံ အသီးသီးတို့ အနေနှင့် နိုင်ငံစုံ ကုန်သွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားပါသည်။

နှစ်ပေါင်းများစွာ အတွင်း ပြည်တွင်းပြည်ပ စက်မှုနှင့်ကုန်သွယ်မှု၊ ငွေကြေး၊ တတ်သိပညာရှင်၊ မီဒီယာပုဂ္ဂိုလ်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် တရုတ် ဝန်ကြီးချုပ်က နွေရာသီ ဒါဗို့စ် ဖိုရမ် တက်ရောက်စဉ်၌ လုပ်ထုံးလုပ်စဉ် ဖြစ်နေပြီဟု သိရပါသည်။

   Webradio