• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပိုမို ကောင်းမွန်သော စီးပွါးကုန်သွယ်မှု ပတ်ဝန်းကျင် ဖန်တီးပေးနေ

(GMT+08:00) 2018-09-21 09:36:33

"ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ အစပျိုးရာသစ်" ဆောင်ပုဒ် ဖြစ်သည့် ၂၀၁၈ ခုနှစ် နိုင်ငံတော်ရေးရာဖိုရမ်ကို ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ပိုမို ကောင်းမွန်သော စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ဖန်တီးပေးရေးဆိုင်ရာ သီးသန့် ဆွေးနွေးပွဲတွင်၊ အစည်အးဝေး တက်ရောက်သော အရာရှိများနှင့် လုပ်ငန်းရှင်များက၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် လုပ်ငန်းကုမ္ပဏီများ၏ ရှင်သန်စွမ်းအား တိုးမြှင့်ရန် အတွက် ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်ကို အစွမ်းကုန် ဖန်တီးပေးနေပြီး သက်ဆိုင်ရာ မူဝါဒများကိုလည်း ရှေ့ဆင့်နောက်ဆင့် ရေးဆွဲ ချမှတ်ပြီဟု ဖေါ်ပြကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် တရားဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယန်ကျယ်က၊ ဥပဒေ စိုးမိုးပြီး ဘက်အရပ်ရပ် အဆင်ပြေ၍ ကမ္ဘာ့ ရှေ့ပြေး စံချိန်မီ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးရန်မှာ ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့ တင်ပြသော စီမံခန့်ခွဲမှုသစ်နှင့် လိုအပ်ချက်သစ် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio