• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ် ပိုးလမ်းမကြီးကို ကူးလူးဆက်ဆံရာ၌ တောက်ပ ပါစေ

(GMT+08:00) 2018-09-21 09:16:40

တရုတ် ဗဟို မီဒီယာ အုပ်စုနှင့် ကွမ်တုန်းပြည်နယ် အစိုးရ ဌာနများ ဦးစီး ပြုလုပ်သော ဒုတိယ အကြိမ် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး တရုတ် နိုင်ငံတကာဖိုရမ်ကို ကွမ်တုန်း ပြည်နယ် ကျူးဟိုင်မြို့၌ ကျင်းပနေပါသည်။ နာမည်ကြီး ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် မီဒီယာ ပုဂ္ဂိုလ်များသည် Belt and Road တည်ဆောက်ရေးနှင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းပြီး ဆွေးနွေးခဲ့ကြပါသည်။

"တရုတ်မစ္စတာ"ဟု အများတကာ မွှန်းတင်ခေါ်ဝေါ်နေကြသော ပြင်သစ် ဝန်ကြီးချုပ်ဟောင်း ရာဖာရင်က၊ မိမိတို့သည် ပိုးလမ်းမကြီး စီးပွါးရေး စင်္ကြံနှင့် ၂၁ ရာစု ပိုးလမ်းမကြီး တဝှမ်း၌ ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုကို တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

၂၀၁၁ ခုနှစ် နိုဗယ်ဆုရသူ၊ နယူးယောက်တက္ကသိုလ် ပါမောက္ခ စာကင်ဒ်သည် ခေတ်သစ်၊ စီးပွါးရေးသစ်၊ သိပံ္ပနည်းပညာသစ်၊ ကွမ်တုန်း၏ အနာဂတ် နှစ် ၄၀ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဗဟို မီဒီယာအုပ်စု စီအာအိုင် အသံလွှင့်ဌာန ဒုဥက္ကဋ္ဌ ဟူပန်ရှင်က၊ Belt and Road အဆိုပြုချက်ကို တင်ပြခဲ့သည့် ငါးနှစ်အတွင်း တိုးတက်အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း၊ မီဒီယာများအနေနှင့် ဖွံ့ဖြိုးမှုနှင့် Belt and Road တဝှမ်းမှ ပြည်သူပြည်သားများ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မီဒီယာ အနေနှင့် ပိုးလမ်းမကြီး တဝှမ်းမှ နိုင်ငံများ၏ မီဒီယာဌာနများနှင့် ကူးလူးဆက်ဆံမှုကို တွန်းအားပေးရမည် ဖြစ်ပြီး ပိုးလမ်းမကြီး တည်ဆောက်ရေးအတွက် ကြိုးပမ်း အားထုတ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio