• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထွန်းသစ်စ နည်းပညာဟာ လူသားအတွက် ဘယ်လို အကျိုးဆောင်ပေးတာလဲ၊ တရုတ်ပြည်မှာ တပြိုင်တည်း ကျင်းပနေတဲ့ အစည်းအဝေးမှာ အဖြေ ရှိတယ်

(GMT+08:00) 2018-09-20 14:20:32

ထွန်းသစ်စ နည်းပညာဟာ လူသားအတွက် ဘယ်လို အကျိုးဆောင်ပေးတာလဲ၊ တရုတ်ပြည်မှာ တပြိုင်တည်း ကျင်းပနေတဲ့ အစည်းအဝေးမှာ အဖြေ ပေးနေပါတယ်။

ဒီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ AI အိုလံပစ်လို့ အခေါ်အဝေါ်ရှိတဲ့ ပထမ အကြိမ် နိုင်ငံတကာ AI အစည်းအဝေးကို ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တယ်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး၊ တရုတ်နိုင်ငံ အနေနဲ့ AI လုပ်ငန်း နယ်ပယ်မှာ နိုင်ငံအသီးသီးတို့နဲ့ အတူ ဖွံ့ဖြိုး၊ လုံခြုံမှု အတူ ထိန်းသိမ်း၊ အောင်ကျိုးရလဒ်များကို အတူ မျှဝေခံစားလိုကြောင်း ဖေါ်ပြထားပါတယ်။

အခုလောလောဆယ်မှာ လူသားလောကမှာ စတုတ္ထ အကြိမ် စက်မှု တော်လှန်ရေး ဖြစ်ပွါးနေပါတယ်။ အဲဒါဟာ AI၊ သန့်စင်စွမ်းအင်၊ စက်ရုပ်နည်းပညာ၊ ကွမ်တမ် သတင်း အချက်အလက်နည်းပညာနဲ့ ဇီဝနည်းပညာကို အဓိကအဖြစ် ထားတဲ့ ဆန်းသစ် နည်းပညာ တော်လှန်ရေး တစ်ကြိမ်ပဲ ဖြစ်တယ်။ ဒါတွေ အနက် AI ဟာ အထူးကို အရေးကြီးပါတယ်လို့ ဆိုနိုင်ပါတယ်။

ဒီအကြိမ် နိုင်ငံတကာ AI အစည်းအဝေးမှာ၊ လူတွေက AI နည်းပညာကို ပညာရေး၊ ကျန်းမာရေး၊ ငွေကြေး၊ လက်လီရောင်းချမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှု စတဲ့ နယ်ပယ်များမှာ အဆင်ပြေစွာ အသုံးပြုခြင်းကို ထိတွေ့ခံစားရပါတယ်။ အစည်းအဝေးမှ ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် AI လုပ်ငန်း ဖွံ့ဖြိုးရေး စက္ကူပြာစာတမ်း အရ၊ ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက်ပိုင်းအထိ စာရင်းအရ၊ တရုတ်ပြည် AI လုပ်ငန်းကုမ္ပဏီ အရေအတွက်ဟာ ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်နေပြီလို့ သိရပါတယ်။

တချိန်တည်းမှာ ထျဲန်ကျင်းမြို့မှာ ကျင်းပနေတဲ့ ဒါဗို့စ် နွေရာသီဖိုရမ်မှာလည်း အလားတူပဲ စတုတ္ထအကြိမ် စက်မှု တော်လှန်ရေးကို အာရုံစူးစိုက်ပြီး ဆန်းသစ်သော လူ့ဘောင်အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်ရေးကို တိုင်ပင်ဆွေးနွေးနေပါတယ်။ ဖိုရမ်မှာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ထိန်းသိမ်း ကာကွယ်ရေး၊ သက်ညှာထောက်ထားမှု ပါရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံ ဆန်းသစ်တီထွင်ရေး စတာတွေနဲ့ ပတ်သက်ပြီး အဆိုပြုချက် ၃ ရပ်ကို တင်ပြထားပါတယ်။ အဲဒါဟာ အလားတူပဲ လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်နဲ့ မှသာ ထွန်းသစ်စ နည်းပညာနဲ့ လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုနိုင်မှာ ဖြစ်တဲ့ အမြင်သဘောထားကို ဖေါ်ပြထားပါတယ်။

   Webradio